Monday, June 08, 2009

ဇွန်လရဲ့ မိုးရေစက်များ

Posted by ဏီမိုးz | Monday, June 08, 2009 | Category: | 0 comments

သီချင်းတွေကလည်း
သီချင်းတွေအတိုင်းပဲရှိမယ်ထင်ခဲ့တာ
အငွေ့ ပျံသွားခဲ့ ပြီ။

အမြီးရှိရင် ခေါင်းရှိမှာသေချာ
အစတစ်ခုမှာ ပျော်ဝင်ခဲ့ ရတဲ့ ပုလဲ
ဗလာနယ်ထဲက ရုပ်ရှင်။

ဒီရေအကျမှာ
မတည်ငြိမ်တဲ့ ဘ၀တစ်ခုက
မတည်ငြိမ်တဲ့ ဘ၀တစ်ခုကိုဆွဲခေါ်သွားတယ်။

မျက်ရည်ထွက်အောင်ပြောလည်း
မြည်းဖို့က ရက်လွန်နေတဲ့ သတင်းတွေ

ကျပ်မပြည့်တဲ့ မျက်ရည်ကို
အညစ်အကြေးလို စွန့်ထုတ်လိုက်တယ်။