Tuesday, March 31, 2009

ငါလူလည်ပါ အောင်ထွန်း ရာ

Posted by ဏီမိုးz | Tuesday, March 31, 2009 | Category: | 1 comments

x-x-x-x-x-x-x-x-x-xx-x-x-x-x-x-x-x-x-xx-x-x-x-x-x-x-x-x-xx-x-x-x-x-x-x-x-x-x


မလေး ပန်ဖို့ ခူး ရည်စူး တဲ့ ခရေ
အမြင်ကို ဖမ်းပိတ်လိုက်တဲ့ နံရံ
ဘ၀မှာနေဖို့လား သေဖို့လား
အနှစ်မဲ့တဲ့အော်သံတွေ။

ငါလူလည်ပါ အောင်ထွန်းရာ
လာစမ်းပါ ရွာကအလှူလို အ၀စား
ပြီး ...မရှင်းနိုင်ရင် ပြေးကြမယ် နှစ်ယောက်သား။

မရှိမဖြစ်ဆိုတာမရှိဘူး
အကောင်းဆုံးတွေရဲ့ အကောင်းဆုံးဆိုတာတွေအတွက်
မျက်ရည်တစ်သက်နဲ့ ကျေနပ်လိုက်တော့မယ်။

ပြောခွင့် မပေးတော့ တဲ့ ဖနောင့် သံ
မယုံနိုင်လွန်းလို့ ယုံပေးလိုက်ရတဲ့ ထောင့် ချိုး
ဘာလို့ ဒီလောက်အနက်ထိ ငါ့ ကိုပစ်ချထားခဲ့တာလဲ
ပျော်ရွှင်သောလက်တွေကို ဖြတ်ပစ်ရတော့မယ်။

စိတ်မကြီးနဲ့ အရင်လိုနှာခေါင်းသွေးလျှံနေအုံးမယ်
အရေးပေါ် အချက်ပေး ခေါင်းလောင်းသံ
ချစ်လွန်းလို့ နောက်ဆုတ်ပေးခဲ့ တဲ့ နှုတ်ဆက်သီချင်း
မင်းကိုမေ့ပစ်ဖို့ ရေကြည်ရာမြက်နုရာရှာမယ်။

ခွေးတွေဟာ သခင်သိသလို
အချစ်နဲ့ သေမင်းဟာ အမှန်တရားအောက်မှာပဲဒူးထောက်တယ်
အရင်လို နှင်းဆီပန်းတွေ မကြိုက်တော့ပါဘူးဆိုတဲ့ ဇောက်ထိုးကောင်
ငါ့ကို ရောဂါပိုးတွေလို စားသုံးတယ်။

နာနေတဲ့ အသိကို နာနာသံမှိုဆွဲရမယ်
လွတ်သွားတဲ့ ငါးတွေလည်းပုံမှန်ပါလို့ ချွေးသိပ်မယ်
အမြန်ပြေးဖို့အတွက် ကော်ဖီခွက်ကိုလွှင့်ပစ်ခဲ့တယ်။

တိုင်ပင်စရာမရှိတော့တဲ့ လက်ညိုး
ပြင်းပြတဲ့ စိတ်ကို
ပြင်းပြတဲ့စိတ်က ပြန်သတ်တယ်
မျက်ကန်းမှာ တစ္ဆေမရှိဘူး။

အဆုံးမှာ ပြန်မမှတ်မိကြတော့ဘူးဆိုရင်
အစလည်း သိပ်အရေးမကြီးပါဘူးကွာ။
အရေးပေါ် နှုတ်ပိတ်တော့မဲ့ အချစ်ကို
မေးထူးခေါ်ပြောမလုပ်ဖို့ စီရင်တယ်။

တံငါနားနီး တံငါ
နူးညံ့ မှုကို ပန်းအိုးထဲမှာထား
အလုပ်တွေထဲ နှစ်မြုပ်ပစ်လိုက်တော့မယ်။
ငါလူလည်ပါ အောင်ထွန်းရာ
ဘယ်တော့ မှ သီးမကွဲဘူး။ .... ။

x-x-x-x-x-x-x-x-x-xx-x-x-x-x-x-x-x-x-xx-x-x-x-x-x-x-x-x-xx-x-x-x-x-x-x-x-x-x

Sunday, March 29, 2009

ဂငယ် ဂဏန်း က ဗိုက်မှာ အပေါက်ဖေါက်ပြီး ပစောက်လိုအော်တော့ ချိန်ခွင်ကြီးက လျှာထုတ်ပြီး ရီတယ်

Posted by ဏီမိုးz | Sunday, March 29, 2009 | Category: | 0 comments


ကတ်ထူတစ်ပုံး ၊ဘေးနားမှာ တုံးလုံးလဲနေတယ်။

ဘေးမှာ မတူတဲ့ ရနံ့ တွေကိုပြန်လိုက်ကောက်မယ်

ဝဲကြည့်ရင် ကုတ်ချောင်းချောင်း ၊ဘာလဲ

နေရာပျောက်နေလား။

ဂူနံရံပေါ်က အမှတ်အသားတွေကိုလည်း ပြန်ရှာတယ်

မီးတောက်နဲ့  သင်ခန်းစာ ၊ တစ် စစစီ ရှာတွေ့ ချင်ရင်၊ စိတ်တော့ရှည်ပေါ့။

ဒီအနက်အရှိုင်းက ရပ်ကြည့် သွား မဟုတ်တော့ တာသေချာတယ်

ငါလဲလူ မင်းလဲလူ အတူတူချင်း၊ ဗလောင်မဆူ ချင်နဲ့ ။

ဗလောင်ဆူချင်ရင် ဒီဂျေ ရှိုးပွဲကို လာခဲ့။

အ၀တ်ပါဝတ် ၊ အပ်ပါချုပ်ခဲ့။

လိုအပ်ရင် အမှောင်တွေကို သောက်သုံးလိုက်ကြမယ်

ယောင်တွေပါထုံးလို့ ၊နောက် နေကွယ် မုန်းကြမယ်။

သဘာဝရဲ့ ဥပေက္ခာတရားကိုသင်ယူဖို့ ဆိုရင်

သက္ကရာဇ်တွေကို အလိုလိုပြိုလဲစေတဲ့

ပညာတတ်တစ်ယောက်ကိုရှာပါ

တောင်စွယ်နေမကွယ်ခင်

စီးချင်းထိုးကောင်းတဲ့ သူရဲကောင်းတစ်ယောက်ကို ရှာပါ...

အမြတ်တနိုး စံပယ်တစ်ကိုင်းကိုလည်း ချိုးပေးခဲ့ ပါ့မယ်

ရောက်လေတဲ့နေရာမှာ သောကြာကြယ် ဒါပါလို့ ပြောနိုင် မယ့် သူယောင်ကိုရှာပါ

အရောင်ချင်းတူရင်စား

ဝံပုလွေတွေလည်းအစာမျှတပါစေ ...

သိုးဘ၀တွေလည်းလိုတရကြပါစေ

မြောက်လေတွေ မလာပေ မဲ့ ဆောက်တည်ရာကြည့်ပါ၊

နောက် ဘယ် ညာ ကို သိပါ

ခြေသလုံးအိမ်တိုင်နံဘေးမှာ စီးသွားခဲ့ ဖူးတဲ့ သတိတရမြစ်တွေ ခုဘယ်မှာ

စုစပ် ဝယ် ရင်း အခု စေရာကို သွား၊ ဝေဒနာကို ထားပါ၊

လေတွေက အကြေကနေအညာကို ဆန်တိုက်တယ်...ပန်းတွေပြောင်းပြန်ပွင့် တဲ့ အသံကိုပြန်ကြားတယ်....

အမြင်ကျယ်အောင် မျက်လုံးကိုဆွဲချဲ့ လိုက်တယ်

ဒါပေမယ့် ကျလာတာ က ဝ ရှစ်လုံး

စုန်းစုန်းမြုပ် တယ်။

စံချိန်တင် ပါးထိုးပေးခဲ့ တဲ့ မနှစ်ကဆောင်းရာသီ.....

အရပ်ပျက်ရင် ဇတ်ဖြတ်ပေးရမဲ့ ထုံးစံ

ဘုန်းကံ ကို ယုံရင်စမ်း ကြည့်

သိရင် ဓါး ကို စလွယ်သိုင်း ၊ခါးထောင်းကျိုက်ခဲ့။

ကြယ်ကြွေတိုင်း ကျောက်ခဲမဟုတ်ပါဘူး ....

ဘယ်သူတွေဘယ်လိုလှတယ်ပြောပြော မရှက်တတ်တဲ့ ကြောင်

မဝှက်တတ်တဲ့ ဆောင်း ပျောက် နေရင်..... လိုက်ရှာကြပါ.. လိုက်လာကြပါ၊

ဗုံသံကြားတိုင်းလည်း ပွဲတော်မဟုတ်ပြန်ဘူး...

ဗိုက်မှာ အမာရွတ် နဲ့  လူဟာလဲ ၀န္ဒာမိမလုပ် ဘူး၊

သမာဓိ ရှိ တယ်။

အတောင်ပါတဲ့ တစ်ယောသံတွေမှာ ကိုယ် လည်းစည်းတစ်ဖက်လွတ်နေတယ် ..

စွဲကိုင်ခဲ့တာက ငါ ကင်းတဲ့ ငါ ၊ ဇ ပြင်းတဲ့ အထာ၊ ဝါ ဝင်းတဲ့ ကဗျာ။

ဘုန်းကြီးအမှု ကမ္ဘာပတ်တယ်ပဲ ပြောပြော .....

ဂငယ် ဂဏန်း က ဗိုက်မှာ အပေါက်ဖေါက်ပြီး ပစောက်လိုအော်တိုင်း

ချိန်ခွင်ကြီးကတော့ လျှာထုတ်ပြီး ရီမယ်

ကနောင်းကနင်းပျက်အောင်နရီနဲ့ ကာရံပြန်ရင်းးးးးး သတိနဲ့ သဘာကိုစာတင်မယ်

သူများအကြပ်ရိုက်မှပိုပျော်တယ်

ရှင်းပြမှပိုရှုပ်တယ်

အခု အသံရောနေတယ်ထင်ရင်

သတ်ချင်လည်းသတ်သွားကြတော့။


ခရမ်း = မင်းခိုက်

အစိမ်း = ဏီမိုးZ

ငါ့ စိတ်ကလေးသာ ငြိမ်သက်နေရင်

Posted by ဏီမိုးz | | Category: | 0 comments

-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-

စိတ်က ဆယ့် သုံးခွ ဆယ့် လေးခွဖြစ်ဖြစ်နေတယ်
ဆေးကို လှုပ်လှုပ်ပြီးသောက်
အဖုံးဖွင့် လိုက်ရင်
ဂက်စ်တွေပေါက်ထွက်လာလိမ့် မယ်

ဓါးကိုလက်နဲ့ သွေးရတာ
အလင်းမလောက်ဘူးလား
မီးပေါက်ပြီးဆော့ ရတဲ့ လင်္ကာ

ချိတ်တွေခဏဖြုတ်ထားလိုက်
စိမ်းစို မြက်ခင်းပေါ် အိပ်ရတဲ့ ဖီလင်
အမြင်နဲ့ တင် ကြွေသွားမဲ့
ပေါက်ပန်းလေးဆယ်တွေ
အလန်း လေးတွေ
တို့ စားကြည့် ကြည့်

ယုံဘူးဆို ယုံဘူးဆိုပဲ
စာအကြမ်းအချောကဘယ်လောက်ကြာမှာလဲ
ရိုးရိုးရေကိုပဲ ခွက်ရွေးနေသေးတယ်

ရင်ဘတ်ပေါ် ကျတဲ့ လရောင်တွေက
ဂီယာချိန်းလို့ ရလား
ဒီဂရီသိပ်များရင်လည်း သိပ်မြင့်တာပဲ
လမ်းပိတ်တယ်။

တယ် ငါရိုက်လိုက်ရ ၀ါး
သိပ်ရိုးတာပဲ
ဘာလို့ အသံလိုက်ထွက်တာလဲ။
-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-

ကေ

Posted by ဏီမိုးz | | Category: | 0 comments

-_-_-_-

ခြေရာများရင် ခြေရာရှာမတွေ့တော့ ဘူး။

သူမက
သမုဒယ ချစ်ခြင်းဖွဲ့ မိုးတိမ်
ကိုယ်အလွတ်ရနေတဲ့ ဂါထာ
ရိုးမြေကျသီချင်းလေး
နှစ်ကိုယ်တူ လျှောက်မဲ့ လမ်း
ကြိုးမဲ့ လေတံခွန်
နေလိုလလို တစ်ဖွဖွချီပိုးခဲ့ ရတဲ့ ကြယ်
ရင်ဘတ်ကိုခွစီးထားတဲ့ ကြိုးတံတား
ဝလာလား မေးရင် ၃၄ ၂၄ ၃၈။

ကိုယ်က
ဘ၀င်နိမ့် တယ်
ရေတိမ်နစ်တဲ့ ငါး
ကျောထောက်နောက်ခံ မရှိတဲ့ ကြယ်
ကလေးဆန်တဲ့ ပုတ်သင်ညို
ခြေလွန်လက်လွန် အ၀ါ
တော်ရုံ အရည်ပျော်တတ်တဲ့ ပက်ကျိ
ဆေးဖက်မ၀င်တဲ့ ဆောင်းရာသီ
မှင်နီများသွားတဲ့ တနင်္လာ

ကိုယ်သိပ်ချစ်ရတဲ့ သူငယ်ချင်းမလေး ကေ
ကောင်းကင်မရှိရင် ကြယ်တာရာမရှိဘူး
နေမရှိရင် လမရှိဘူး
ပြေးစရာလည်း မြေမရှိတော့ဘူး။

အတည်ပြောရင်လည်း ဈေးပေါတယ်
ကိုင်ပေါက်ခံလိုက်ရတဲ့ ဒေ၀စ္စရာ
မြန်မာမှု ပြုရရင် ညှိရမှာပျင်းတယ်။

စိတ်ကို ဂျိုတပ်ပြီး ဆိုးတယ်
အထားမှားတဲ့ ဥာဏ်ပညာနဲ့
ကျော်ဖတ်ရတော့ မဲ့ စာမျက်နှာနဲ့
ရသေ့ မဟုတ်ပေမဲ့
ဈန်လျောတတ်ခဲ့ ဖူးပြီ ။


_____________________________-_-_-_- _____________________________

Saturday, March 28, 2009

ဖုတ်လိုက် ဖုတ်လိုက်

Posted by ဏီမိုးz | Saturday, March 28, 2009 | Category: | 0 comments

----------------------------------

ခုတစ်လော လေဖောင်း ဖောင်းနေတယ်
သွားက အမြဲနာနေတယ်
ဆရာဝန်က ဆေးစာ ရေးမပေးလိုက်ဘူး
ဘုရားပန်း အမြဲထိုးပါတဲ့ .။

အိမ်မြှောင်စုတ်ထိုးသံ
ခုနှစ်ချက်လား ဆယ့် .သုံးချက်လား
ဧည့်စာရင်း မတိုင်လိုက်မိဘူး။

အချစ်ဆိုတာ လူတိုင်းရဲ့ အနုပညာအထွတ်အထိပ်
ခြင်းအလှခတ်ပွဲထဲက ခြင်းလုံး
တိမ်ထဲဝင်သွားတဲ့ မီးပုံးပျံ

ဝေယျာဝစ္စအများဆုံးတွေက
ခွေးရယ် အချစ်ရယ် လောင်းကစားရယ်
လူတွေ စောက်မြင်ကတ်တာက
ရေချိုရေငန် တပ်မတော်။

ဘိုးဘိုးအောင်ရဲ့ ၀လုံး
တူမလေးရဲ့ ၀လုံး
ရီသံ ကြားကမုန်တိုင်းဗဟို။

ကိုယ်အဆိပ်မရှိရတဲ့ အကြောင်းက
ယေရှုရဲ့ လက်ကိုင်ပုဝါ
ဘီသိုဗင်နဲ့ .မိုးဇက်
မာယာကော့ စကီးနဲ့ ကော့ ကိုဘိန်း
အမေ့ ရဲ့ နှစ် နှစ်ဆယ်ကျော် အမျှဝေသံ။

ပိုက်တန်းထဲ ငြိနေတဲ့ ပုဇွန်ဆိတ်တွေလို
ကြယ်တွေလည်း ဖျောက်ဆိတ်
စိတ်ကူးယဉ်လွန်းရင်
အသက်ထွက်တတ်တယ်။

မျက်စောင်းက အကြောင်းမရွေးဘူး
ဘိတ် သားပြောသလို
ကျောင်းခေါင်ထိပ်မှာ ကျီးနား
ကျောက်ခဲနဲ့ ပစ် " ပြုတ် ကျ "
ကျောင်းလည်းပြို ကျီးလည်းကျ ။

အထိန်းအသိမ်း ညံ့ လို့ ပဲလား
ဂေါင်လီရဲ့ တစ်ရှိုက်မက်မက်အနမ်းမှာ
ရက်ကွက်ထဲက လပေးမီးစက်ခုတ်သံလို
ခွပ်ဒေါင်းတွေ ကီးကြောင်နေတယ်။ .. ။

____________________________________________________________

Thursday, March 26, 2009

သြော် အင် အဲလေ ဟိုဒင်း

Posted by ဏီမိုးz | Thursday, March 26, 2009 | Category: | 2 comments

သြော် အင် အဲလေ ဟိုဒင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြောပြန်ရင်လည်း လွန်ရာကျမယ်
လွှတ်ထားလိုက်ရင်လည်း ချိုမိုင်မိုင်တွေ
အမှန်လွန်အမှားတွေ
အမှည့် .လွန်သစ်သီးတွေ
အလင်းမဲ့ မဲ့ ဓါတ်တိုင်တွေ
မိုင်ပိုမမောင်းရဲတဲ့ .ကားတွေ။

ဘ၀ကပြန်ရစ်ကြည့် .ရတဲ့ .တိပ်ခွေဟောင်း
မနှစ်ကရွာသွားတဲ့ .မိုးတွေပြန်ရွာတယ်။
တွဲထူဖို့ .ထက် ရုန်းထဖို့ . ကပိုခက်တယ်
အခုစားနေတဲ့ .ငါးလည်း တစ်ချိန်က ကူးခတ်ခဲ့ .ဖူးမယ်။

အခုပြောနေတဲ့ . စကားက မဲပြာပုဆိုး
အခုမြင်နေရတဲ့ .ဂြိုလ်ရံလတွေက
လွန်ခဲ့ သောနှစ် သန်းပေါင်းများစွာက အလင်းပွင့် တွေ
ငါတို့ .လည်းမြေဆီသြဇာတွေ ပြန်ပြန်ဖြစ်လို့ ။

ဆေးထိုးအပ်တွေ သေနတ်တွေ
ဘာသာတရားနဲ့ .အာဟာရ
အဖေက ကျွန်တော့် .ကိုရေထဲပစ်ချပြီးရေကူးသင်ပေးတယ်
အမေက ကျွန်တော့် .ကိုမြင့် .မိုရ်တောင်လိုက်ပြတယ်။

ဒဿနတွေက ဆီကြော်မုန့် .တွေထက်စားလို့ .ကောင်းလား
ကောသလမင်းအိပ်မက်ကို ပြန်ဆိုတေးလုပ်ကြည့် .မယ်
ကဲ ဖားတွေလို လိုက်ဆို ။ ...။


ငြိမ်ငြိမ်လေးနေ ငြိမ်လေးနေ

Posted by ဏီမိုးz | | Category: | 0 comments

ငြိမ်ငြိမ်လေးနေ ငြိမ်လေးနေ
~~~~~~~~~~~~~~~~~~~~

အစာအိမ်ဖြည့် .ဖို့ .ထက် အစာအိမ်ဖြစ်ဖို့ .ကပိုခက်တယ်
ကွက်လပ်ဖြည့် .ဖို့ .ထက် ကွက်လပ်ဖြစ်ဖို့ .ကပိုခက်တယ်
မျက်စိဖွင့် . တာထက် မျက်စိမှိတ်တာကပိုခက်တယ်
ပိုင်ဆိုင်ဖို့ ထက် စွန့် လွှတ်ဖို့ .ကပိုခက်တယ်
သိအောင်ကြိုးစားတာထက် မေ့ .ပစ်ဖို့ .ကပိုခက်တယ်
သေဆုံးပစ်လိုက်ဖို့ .ထက် ရှင်သန်နေဖို့ .ကပိုခက်တယ်
ခရီးကိုစတင်ဖို့ ထက် အဆုံးသတ်ဖို့ ကပိုခက်တယ်
အမှားတွေထက် အမှန်တွေကပိုခက်တယ်
ပျော်ရွှင်မှု့ .ထက် ၀မ်းနည်းမှု့ .ကပိုခက်တယ်
ပူတာထက် အေးတာက ပိုခက်တယ်
လှုပ်ရှားဖို့ .ထက် ငြိမ်သက်ဖို့ .ကပိုခက်တယ်
အမြန်ရိုက်ချက်ထက် အနှေးရိုက်ချက်က.ကပိုခက်တယ်
မာကျောဖို့ ထက် နူးညံ့ ဖို့ .ကပိုခက်တယ်
အနိုင်ယူဖို့ .ထက်အရှုံးပေးဖို့ .ကပိုခက်တယ်
မသိတာထက် သိတာက ပိုခက်တယ်
မရှိတာထက် ရှိတာကပိုခက်တယ်
သစ္စာရှိဖို့ .ထက်သစ္စာဖေါက်ဖို့ ကပိုခက်တယ်
ဆက်ချစ်ဖို့ .ထက် မုန်းလိုက်ဖို့ .က ပိုခက်တယ်
မမြင်တာထက် မြင်တာက ပိုခက်တယ်
ရှင်းလွန်းရင်လည်း ဘာမှမမြင်ရတော့ . ဘူး
ရှုပ်လွန်းရင်လည်း ဘာမှမမြင်ရတော့ . ဘူး
ပြည့် .သွားရင်လည်း ဘာမှထပ်ထည့် . လို့ မရတော့ .ဘူး
ပျင်းသွားရင်လည်းဘာမှထပ်လုပ်လို့ .မရတော့ ဘူး
အနည်မထိုင်သေးရင် ငြိမ်ငြိမ်လေးထိုင်နေ
သစ်ပင်ပေါ် ချိတ်ထားပြန်လည်း ကျီးထိုးမယ်
မြေကြီးမှာချထားရင် လည်း ခွေးဆွဲမယ်
အနည်မထိုင်သေးရင် ငြိမ်ငြိမ်လေးထိုင်နေ
ပြောသလောက်သိရတာတောင် တော်တော်လေးထုံနေပြီ ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Tuesday, March 24, 2009

လူရာမ၀င်တဲ့ .လက်ခုပ်သံ

Posted by ဏီမိုးz | Tuesday, March 24, 2009 | Category: | 0 comments

လူရာမ၀င်တဲ့ .လက်ခုပ်သံ
~~~~~~~~~~~~~~~~

အပျော်ပေါ့
စိတ်မဆိုးဘူး
နွားကြီးလို့ . ပဲခေါ်ခေါ်

အခြေအနေက အသည်းအသန်ပဲလို့
ကျွန်တော် ထပ်ပြောရင်
ခဲနဲ့ .ပေါက် ...ကြိုးနဲ့ . တုတ်
ကားပေါ်သာ တင်လိုက်ကြတော့ ..။

ကိုယ့် .ကို ရုပ်ရှင်ရုံထဲ ပေါက်ပေါက်စားသလို စားပါ
ကိုယ်ဒူးထောက်ပါတယ်
ဒါအကုန်ပဲ
မတန်မဆလျှော့ .ဈေးပေးထားတာ

လက်ညှိုးညွှန်ရာ ရွှေထက်
ချစ်ရတဲ့ .သူ့ .မျက်နှာ
သတိရစိတ်က
မေဘဲလ်သစ်ရွက်တွေလို ကြွေတယ်

မသွားခင်ကကြိုရောက်နှင့် တဲ့ ခရီး
အဝေးပြေးကားလက်မှတ်အဟောင်း
ခေါင်းပန်းလှန်ခဲ့ .ရတဲ့ ..
လပြည့် .ည..ရည်းစားစကား

ဆယ်ခါဆယ်လေ နဝေတိမ်တောင် ကြယ်
စဉ်းစားရတာ ဦးဏှောက်ခြောက်ပါတယ်
အချစ်ဆိုတာ ကျွန်တော်ကစခဲ့ . တာပါဗျာ
ကျွန့် .တော့် .လက်ခုပ်သံ လူရာမ၀င်သေးဘူး။



ဗီလိန်

Posted by ဏီမိုးz | | Category: | 0 comments

Saturday, March 21, 2009

ဟစ်ဟော့ ကဗျာ

Posted by ဏီမိုးz | Saturday, March 21, 2009 | Category: | 0 comments

ဟစ်ဟော့ ကဗျာ
-_-_-_- -_-_-_-

မြန်မြန် မြန်မြန်
ခြေဆင်းမလိုဘူး
လျှာကိုလုံးပြီးလိုက်ဆို

သရက်ပင်အောက်မှာသရက်သီးရှားတယ် ( ရှားတယ် )
ဒီမျိုးစေ့ .ကို ငါကျဲခဲ့ တာမဟုတ်ဘူး (မဟုတ်ဘူး)
လရောင်ဆမ်းသော လမ်းဟောင်းများ။

မြန်မြန် မြန်မြန်
အဆက်အစပ်မဲ့ .နမိတ်ပုံ ကဗျာတဲ့ .လား
လွမ်းစေတီနဲ့ . တောမီးလောင်တာ
ဘာဆိုင်လဲ မေးရင်
လက်သီးဆုပ်ထဲကအမှန်တရား
သိတယ် ၊ မပြောပြဘူး ၊ ထိုးမှာ ။

မြန်မြန် မြန်မြန်
မင့် . ကိုကြည့် .ရတာ
အလှပြင်ပစ္စည်းတွေပဲ မြင်နေရတယ်
စိတ်က အထိုင်အထသိပ်နှေးသလိုပဲ

ကျောက်ဖိပြီးပြားနေတဲ့
ဝါရင့် .အရောင်းထိုင်းတွေလား
သွား အင်တာနက်ပေါ်မှာ
ဘကြီးအောင်တွေက ကင်မရာနဲ့ .စောင့် .နေတယ် ။

မြန်မြန် မြန်မြန်
ငါ့ .ကိုပင်လယ်ခဏငှားပါ
ချောင်းတွေ မြစ်တွေနဲ့ .တို့ . စားချင်လို့

''ပြည်ကျော် နဲ့ .ပန်းနုရောင်'' နေရီရီ
လေထန်ကုန်း ချိုပေါ့ ကျ
ယုဇနပင်ကြားက ဖဲကြိုးဝါ

ဘာအရိပ်မှ မထင်ရင်
ဘာဘ၀င်မှ မထိဘူးကွ ။

စကားအများကြီးပြောချင်လို့
တစ်ယောက်တည်း နေတာ မှတ် ။

အချွန်ကြိုက်ရင် လေချွန်မယ်
အချော့ . ကြိုက်ရင် ကလူဧ။်သို့ . မြူဧ။်သို့

မြန်မြန်ဟေ့ . မြန်မြန်
သိပ်ကြောက်နေရင်လည်း အလုပ်မဖြစ်ဘူး
လျှောက်ပြောနေရင်လည်းဆုံးတော့ .မှာမဟုတ်ဘူး

ကဗျာဆရာတစ်ယောက်ပြောသလို
အားလုံးကိုချစ်တယ်
အားလုံးကလည်းချစ်ပါ

ကဲ ကဲ
တီးလုံးကို ကျွိ့ .ကနဲ ရပ်လိုက်မယ်
ဝါကျအတိုအရှည်တွေပါလို့ .မင်းပြောနိုင်ပြီ
ညဲ





Thursday, March 19, 2009

မိုးငွေ့ .ရရင်မြည်တဲ့ .၀ဋ်နာ ကံနာ

Posted by ဏီမိုးz | Thursday, March 19, 2009 | Category: | 1 comments

မိုးငွေ့ .ရရင်မြည်တဲ့ .၀ဋ်နာ ကံနာ
~~~~~~~~~~~~~~~~~~~~~~~~~

သိုးကလေ
ရွှေခ၀ဲပန်းနဲ့ ..ပန်းဝတ်စုံနဲ့
ခမ်းနားတဲ့ စိန်ခြူးကြာညောင်

ပိရမစ်တွေကို ဓါတ်မီးထိုးကြည့် .တယ်
သမုဒ္ဒရာထဲ ဒိုင်ဗင်ထိုးကြည့် .တယ်
ငါကြီးကြီးကျယ်ကျယ် သိမ်ငယ်လိုက်တာ

အားနေရင်အရှိုးရာတွေ ပွတ်သပ်ကြည့် .ပါလား
စားလက်စမုန့် .ကဘယ်နှစ်ခုမြောက်လဲ

ရွှံ့ .နဲ့ လုပ်ထားတဲ့ .ကမ္ဘာ
မျက်ရည်နဲ့ .ဖြစ်တဲ့ အဏ္ဏ၀ါ

အရှက်မရှိ ပြေးလွှားနေတဲ့ .မိုးသားတွေ
နေရောင်ခြည်က အ၀တ်မပါပဲ ရောက်ရောက်လာတယ်
တစ်စစီ ပြန်ချုပ်ဝတ်ရမဲ့ .ကောင်းကင်

ကတ္တရာလမ်းပေါ် နွားတွေ ခြေချော်နေတာ
ဆုတောင်းမှားခဲ့ လို့ လား

ဒါ သက်သက်မဲ့ .အကြမ်းဖက်တာပဲ

မကလည်းတီး ကလည်းတီး
မတီးလည်းက တီးလည်းက

သံယောဇဉ် အတိအကျမရှိတော့
သတိတွေ ရေလျှံနေတဲ့ လက်ခုပ်သံ

သဘာဝကို နေရာထိုင်ခင်းပေးဖို့ .ဆိုတာလည်း
ရွာလည်နေတုန်းပဲ ။ .... ။


Wednesday, March 18, 2009

ဟတ်ချိုး

Posted by ဏီမိုးz | Wednesday, March 18, 2009 | Category: | 0 comments

ဟတ်ချိုး


ဘယ်သူပြောတာလဲ
ကိုယ်ပြောတာ
လက်တို့ .ပြောတာ

ဘယ်ဘက်လက်နဲ့ .
ညာဘက်လက် စစ်ဖြစ်တဲ့ အခါ
အသွေးအသားတွေက
တိမ်လိုလေလို လွင့် .တယ် ။ ...။

ဖြစ်မှဖြစ်ရလေ
အဖိုးက ဘတ္ထ ရီ ဒေါင်းပြီး
ဘယ်နားရောက်သွားလဲ မသိဘူး ။

တီဗွီရှေ့ .မှာ အမှားအယွင်းတစ်ခုခုဖြစ်ခဲ့ .မှာသေချာတယ် ။

ဆည်းလည်းသံတွေ မကြားရတော့ တဲ့ အခါ
ဘယ်ကိုးကွယ်ရာကို ဆည်းကပ်မလဲ ?

ဘ၀ကို နောက်တစ်လှမ်းဆုတ်ပြီး ကြည့် တယ် ။

အကြည့် .မှာ ငြိ ပါလာတာ
သမ်းဝေမှု တစ်ခုလား ။

တိုင်မှန်ပြီး ပြန်ကန်ထွက်လာတဲ့ .အယူအဆတွေ

လရောင်မှာဝင်းကနဲ လက်သွားတဲ့ .နဂ္ဂတစ်တွေ

သန္ဓေတားဆေးနဲ့ .လူသေလူဖြစ် ပုစ္ဆာ

နောက်ဘ၀ကို ဖုန်းခေါ်ကြည့် .လိုက်တယ်
ဟဲလို ... ကုန်းလား ရေလား

စကားမစပ်
ခုပြောနေတာ ဘယ်နားရောက်သွားပြီလဲ ။ ...။


Monday, March 16, 2009

ငါ့ မာနကိုဖွဖွဆုပ်ကိုင်လှောင်ရယ်နိုင်တယ် ငါ့ ကိုမဖြတ်သန်းကြနဲ့

Posted by ဏီမိုးz | Monday, March 16, 2009 | Category: | 1 comments



ငါ့ မာနကိုဖွဖွဆုပ်ကိုင်လှောင်ရယ်နိုင်တယ် ငါ့ ကိုမဖြတ်သန်းကြနဲ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒါဆိုရင် ဒါပဲလေ
ပြီးခဲ့ တာ ကန့် လန့် ကာချလိုက်တော့ မယ် ။

စိတ်ချ ကိုယ်ဖြစ် ကိုယ်ခံပေါ့
မီးက မထိရပဲ ပူတယ် ။

ရေအိုးထဲမှာလည်း ရေတွေက ခန်းခြောက်
နီးရာဓါးကို ကြောက်ရတယ် ။

အနားမှာ စက္ကူပန်း မွှေးမွှေး
အရိုးသားဆုံးပြောရရင်
နိုင်ငံရေးအခြေအနေကလည်း သိပ်မကောင်းတော့
ကြည့် မှန်တွေလည်း ညာတယ်။

ရင်ဘတ်တွေ မနီးပဲနဲ့
လုပ်ပြောတဲ့ လျှာတွေပါကွာ ။

မင်းလည်း မိုးခါးရည်ပဲလို့ . ပြောရင်
ရှေးဟောင်းပစ္စည်းတစ်ခုလို ပြုံးတယ်။
သွေးတိုးတယ် ၊ ဓါတ်လိုက်တယ် ။

အရုပ်ထက် ဆေးပိုလေးတဲ့ .ကြောင် ၊
ညနေတိုင်ထွက်လည်တတ်တဲ့ အလွမ်း ၊
အကြောင်းမျိုးစုံပြပြီး ရောက်ရောက်လာတဲ့ .တယော ၊

လွယ်သလား ခက်သလား ပြော
အရှေ့ မှာ မိုးတွေညို့ .လာတိုင်း
ညောင်ဦးကမ်းပါး ပြိုပြန်တယ် ။




__________________________________________________________________

မှတ်ချက်......ခေါင်းစဉ်မှာ ဆရာပိုင်စိုးဝေရဲ့ .ဖြစ်တည်မှုကို ယူသုံးထားတယ်။






Sunday, March 15, 2009

သစ္စာတိုင်

Posted by ဏီမိုးz | Sunday, March 15, 2009 | Category: | 0 comments

သစ္စာတိုင်
~~~~~~~~~~~

အားလုံးမီးမှိတ်ပါ ။

အိပ်မက်ထဲမှာ
ဖွင့် ဆိုမထားတဲ့ လရောင် ။

နှစ်ကိုယ်တူ ကျွန်းလေးပေါ်မှာ
ရေလှိုင်းလေးတွေလို
ကမ်းခြေပေါ် ပြေးဆော့ . လို့

မင်းအတွက် ငါက
ဘယ်သူမှမနင်းရသေးတဲ့ . နုံးအိအိလေးတွေပေါ့ ..။

ချစ်ရတာ ဒီရေအတက်အကျလိုပဲ
အုံးဖူးရည်လိုလည်း မူးတယ် ။

ရေအောက်ကမ္ဘာက
ရေသူမတွေက လာနောက်နေတယ် ။
နည်းနည်း ပိုဝလာပြီး
" သူတို့ လောက် မလှပါဘူးတဲ့ "

တော် တိတ်

ဘုရင်မ အမျက်တော်မရှခင်

မင်းတို့ . ပုံပြင်ထဲမှာပဲ နေခဲ့ .ကြ ။

အုန်းလက်တွေက ကချေသည်
လည်မှာဆွဲပေးခဲ့ .တဲ့ .ပုလဲ ။

သဲပွင့် .တွေလို သစ္စာတိုင်
ပုံပြင်ထဲက ပုံပြင်တွေ

ငါ့ .ထက် ပိုချစ်ရင်တောင်
ငါ့ လောက်မချစ်နိုင်တော့ .ပါဘူးကွာ ။

ခေါင်းအုံးကို ပြောင်းပြန်လှန်လိုက်တယ် ။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Saturday, March 14, 2009

အရင်း နဲ့ အဖျား

Posted by ဏီမိုးz | Saturday, March 14, 2009 | Category: | 0 comments

အရင်း နဲ့ အဖျား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သဘောက မိအေးနှစ်ခါနာ

ခွေးတစ်ကောင် သူတော်စင်ကိုမော့ .ကြည့် . သလို
ပရမ်းပတာ ရှုမျော်ခင်းလှလှ ။

ပဲပြုတ်သည်မထားနဲ့
သမန်းကျားတွေရဲ့ .သဘောထား ။

ရေမြောင်းထဲက ပိုးလောက်လန်းတွေအကြောင်း
မြန်မာစာတမ်းထိုး အတွေးများ ။

တစ်စပြင်အေးအေးမှာ
အချက်ပြမီးတွေ မှိတ်တုတ် ။

ပြောင်းပြန်ပွင့် သောပန်းများ
ရေလိုစီးနေသော ၀ိရောဓိများ
အား ....စပျစ်သီးတွေလည်းခါးတယ် ။

ပြီးရင် ပြန်ပြောမယ်
ဘာပိုအရေးကြီးသလဲဆိုတာ ။ ... ။


__________________________________________________

ရိုလာကိုစတာ

Posted by ဏီမိုးz | | Category: | 0 comments

ရိုလာကိုစတာ


ရပ်ထားတဲ့ .ရထားမှာ ဘာတန်ဖိုးမှမရှိဘူး
ပြေးလမ်းပေါ် အံစာတုံးကိုလှိမ့် .လိုက်တယ် ။

ဒီရထားက ဘာလဲ ဘယ်လဲ ဘယ်လောက်ကြာကြာ
မြွေမြိုလိုက် လှေကါးထောင်တက်လိုက်
တစ်ရှိန်ထိုး အတက်အဆင်းတွေမှာ
ထင်တာထက် ပိုမြန်ပြီး
ထင်တာထက်လည်း ပိုနှေးကွေးတာ

မီးတောက်တစ်ခုစီမှာ နှိုးစက်တစ်ခုစီ
အလုပ်ရှုပ်တယ်လို့ . ယူဆရင်အလုပ်ရှုပ်မယ်
ဘယ်အရာက ပိုခြောက်လှန့် .တာလဲ
သေချာပြင်ဆင်ထားပေမဲ့
ဆုပ်ကိုင်ထားတဲ့ လက်တွေမမြဲဘူး ။

မျက်နှာဖုံးတွေအောက်က မျက်ရည်
ပိုပြီးမာကျောလာသလို ပျော်ရွှင်တယ် ။

စမှတ်ကိုပြန်ပြန်သွားနေတဲ့ ရထား
ဘူတာစဉ် ကျော်ဖတ်ရအုံးမယ်။

ပိုကောင်းတဲ့ ဘ၀က ဘယ်ကလာ
( မြက်ပင်တွေက တိတ်ဆိတ်မှုကိုပိုကြိုက်တယ် )
မိုးထက်ကျယ်တဲ့ ၀မ်းတစ်ထွာမှာ
ဖွက်ထားတဲ့ .ကစားစရာများ
ခုန်ပြီး ခူးရမဲ့ ..ပန်းများ ။

ဒီ ရိုလာကိုစတာထဲက
ကိုယ်မလွတ်မြောက်နိုင်တော့ .ဘူး ။ ...။



______________________________________________________

Thursday, March 12, 2009

တစ်ကိုယ်တော် သင်္ကြန်

Posted by ဏီမိုးz | Thursday, March 12, 2009 | Category: | 3 comments

တစ်ကိုယ်တော် သင်္ကြန်
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

အချစ်က မုန့် လုံးရေပေါ်ပဲ
မျက်နှာကို အိုးမဲ လိုက်သုတ်တယ်
ဒီဘ၀တော့ လွဲခဲ့ ပါတယ်

ဖုန်းနံပါတ် တစ်ခါပြောင်းတိုင်း
အင်လျား နဲ့ ကျုံးက
မီးသတ်ပိုက်တွေနဲ့ .
သူ့ ကိုယ်သူ ရေပက်တယ်

နွေဦးမှာ
ချစ်ရသူကိုရေလောင်းဖို့ ဆိုတာ
တစ်သက်မှာတစ်ခါ ပွင့် တဲ့ ပိတောက်လို
ရေစိုနေတဲ့ .လိပ်စာ ။။

အရူးမီးဝိုင်း ဟာသပဲ
သင်္ကြန်စာထဲမှာ
ခြေလှုပ်လက်လှုပ် 'ဘန်း'ထားတယ်

ကောင်းပါတယ် ရိပ်သာသင်္ကြန်ပေါ့ ..။
ဝန်ကြီးများမဏ္က္ကပ်ရှေ့ က သင်္ကြန်၊
ခွက်စောင်းခုတ်တဲ့ .သင်္ကြန်၊
ဆံပင်ကိုပင့် သပ်တင်လိုက်တဲ့
နတ်သမီးတို့ ရဲ့ .သင်္ကြန်၊
ဝင်္ကန္တေ၀၀ုစ်စုံတဲ့ သိင်္ဂါရ သင်္ကြန်။

တူးပို့ ..... တူးပို့ .....
မြို့ မငြိမ်းကြီးက ......
သီချင်းအသစ်တွေပို့ ပေးပါအုံးတဲ့

အပေါ်ကြယ်သီးကို ဖြုတ်ထားလိုက်တယ်
နောက်တစ်ခါဆို အရင်ကားတင်ပြေးမယ်။

ဘယ်သူတွေ နေလှမ်းလှမ်း
အိမ့် ရှေ့ မှာသင်္ကြန်အိုးထိုးပြီး
သိကြားမင်းကြီး ကြိုမယ် ။


မူမမှန်တဲ့ သွေးကြောတွေထဲ
ကန္တာရတွေကို သိမ်းထုပ်လို့
သံပုံးတီးပြီး ပြည်တော် ၀င်သီချင်းဆိုမယ် ။

အချစ်က မုန့် လုံးရေပေါ်ပဲ
မျက်နှာကို အိုးမဲ လိုက်သုတ်တယ် ။ ... ။



Monday, March 09, 2009

ရီနေဆန်း ( Renaissance )

Posted by ဏီမိုးz | Monday, March 09, 2009 | Category: | 1 comments

ရီနေဆန်း ( Renaissance )
--------------------------------------------------------------

အချိန်အိုကြီးလား
တိုးဝင်ကြည့် လိုက်တယ်
အဖုံးတွေရဲ့ အောက်မှာဘာမှမရှိဘူး
နောက်လိုက်မရှိတဲ့ ငါ ။

ဘာမဆို အချိန်အဆပဲ
ခလုတ်ငါးခုသာ ရှိတာ
ပစ်မှတ်ကို သေချာစဉ်းစား
ဖွဖွလေး ပြေးထွက်လာမဲ့ ကျည်ဆံ
မင်းတို့ ငါတို့ ထက်မြန်တယ်မဟုတ်လား ။

ဒေါက် ...ဒေါက် ...ဒေါက် ...တံခါးလာခေါက်တယ်
ငရဲခွေးကြီး လွတ်နေပြီတဲ့ ။
မဆိုင်သလိုပဲ
ပြတိုက်ထဲမှာကျောက်ဖြစ်ရတဲ့ ရုပ်ကြွင်းများ ။

ဗီးနပ်စ်က ဘာမှမဆိုင်ဘူး
လေယာဉ်ပျံပေါ်မှာကောက်ရတဲ့ .မက်မုံရာသီ

ဆာလောင်နေတဲ့ ခလေးတွေ
အိမ်ယာမဲ့ နေတဲ့ မိကောင်းဖခင်တွေ
နောက်ကြည့် မှန်ထဲကိုပြေးဝင်လာကြတယ် ။

မျက်လုံးမှာ သဲတွေနဲ့
ငါကျိန်ပြောရဲတယ်
ဒါ ...လေနုအေး စစ်စစ်တွေပါ ။ ... .... ။

ရှန်ဂရီလာ

Posted by ဏီမိုးz | | Category: | 2 comments

ရှန်ဂရီလာ
~~~~~~~

" မိုးမခပင်တွေ အလှသစ္စာတည် "

ချစ်ခဲ့ တာတွေကို
တစ်ကနေ တစ်ဆယ်အထိရေတယ်

တစ်နဲ့ တစ်ပေါင်းရင် တစ်ရတယ်
နှစ်သက်ရာ နှစ်ချို့ ဆောင်းရာသီ ခါးခါး
သုံးနှစ်သုံးမိုး ပျိုးခဲ့ တဲ့ လိမ္မော်ပင်
လေးပါးဆုံမဲ့ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း
ငါးမရ ဓါးဆုံး
ခြောက် ခြောက် ခြား ခြား ခြောက်ကြိုးကဝေ
ခုနှစ်သံချီအော်နေတဲ့ .ခုနှစ်ဆယ့် ကိုးခုဖွား
ရပ်ပြစ်ရှစ်ပါး လောကဓံ
ကိုးကျောင်းကြေတဲ့ .ကိုးန၀င်းဂါထာ
တစ်ဆယ်စား တစ်မတ်လျော်မယ်

သွေးထွက်အောင် မှန်တယ် မဟုတ်လား
'ကိုယ်ကျိုးစွန့် ..မဲ့ .ကြယ်တွေ'
လူမိုက်များအလိုရှိသည် ။ ....... ။






Sunday, March 08, 2009

ဟက်ပီး ဆန်းဒေး

Posted by ဏီမိုးz | Sunday, March 08, 2009 | Category: | 3 comments

ဟက်ပီး ဆန်းဒေး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မှင်ပြာတွေလူးလို့
ဧရာဝတီလည်း
အပြာရောင်သန်းနေတော့ .မှာ ...

မိုင်တိုင်တွေ မရေတွက်တော့ ဘူး ။
အသွားမတော်တဲ့ ခြေလှမ်း
ကတိမတည်တဲ့ .ဖူးစာ

ဘယ်ညာပြန်ချီ ယိမ်းနွဲ့ .လို့
အချစ်မရှိတော့ ထမင်းအေးအေး
ဟင်းအေးအေးပဲ ။

တစ်လောကလုံး မကြားရင် ဘယ်ပြောမလဲ
လွမ်းစရာမရှိတာကိုက လွမ်းစရာ ။

ငါ့ မျက်ရည်အိုင်လေးနံဘေးမှာ
ပန်းကြွေတွေ လာလာမမျောပါနဲ့ တော့
ငါဆက်ပြီးမစီးဆင်းနိုင်တော့ ဘူး ... ။ ..... ။


''အားလုံးလည်း ကြားပါတယ် ''

Posted by ဏီမိုးz | | Category: | 0 comments

''အားလုံးလည်း ကြားပါတယ် ''
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုအယ်ဖြူရေ ...ရင်ခုန်မိတာ အိပ်မက်မဟုတ်ဘူးနော်

ညမှောင်မှောင် ခွေးဟောင်သံကို ကီးရှာနေတာ
ငရဲပန်းလား နတ်နန်းလား
ကာတွန်းကားထဲက ဂြိုလ်သားတွေ
တိုးတိုးလေး ပြောသွားတယ် ။

ကလက်(ခ်) က လိုက်မမှီဘူး
ဝင်ပူးတဲ့ .ခေါစာ

သဝေထိုး ရရေ ၀စ္စနှစ်လုံးပေါက် ရေး
ဖြည်းဖြည်း

အစာမကြေရင် အစာကြေဆေးစား
လာမယ် ကြာမယ်
ခေါင်းစဉ်က မှိန်နေတာ ။

လက်ထိုးရင်တော့ .မကိုက်သေးဘူးမဟုတ်လား
တုတ်ထမ်းဓါးထမ်း ပြော
ဓါတ်ကြိုးတွေ ရှောခ့် .ဖြစ်နေတာ

ဧရာဝတီ .......
းးးးးးးးးးးးးးးး
ရွှေတိဂုံဘုရားကြီးကိုလည်း လွမ်းပ
ရင်ဘတ်ကြီး ပွင့် .ထွက်တော့ မယ် ။ ... ။



ဓါတ်ခဲ

Posted by ဏီမိုးz | | Category: | 0 comments

ဓါတ်ခဲ
~~~~~~~~

အဖုံးဖွင့် ခါနီးမှသတိရတယ်
နောက်တစ်စက္ကန့် ဆို အားပြန်သွင်းလိုက်ပါ ။

မင့် ကဗျာတွေက ဖီးလ်မလာပါဘူးကွာ
ငါကတစ်ရှုးဆို တစ်မျိုးထဲသုံးတာ ။
ဂျာအေးကို သူ့ အမေရိုက်တဲ့ ကိစ္စ ။

တစ်ချိန်မှာချောင်းကြည့် ပေါက်တွေက
မင့် ကို ချောက်လှန့် လိမ့် မယ် ။

ပုံပြင်ဟောင်း ၊ စနေမိုး ၊ အခွံထူတဲ့ လိပ် ။
မီးကဟုန်းခနဲ မျက်နှာကိုလာဟပ်တယ်။

ထ ထ ဘိုစံ ထ
နှစ်အလီ ဆို
မရရင် ဆရာမကရိုက်မှာလား ။

ဖွက်ထားတဲ့ ရွှေဆွဲကြိုးတွေ ဘယ်မှာ
ကိုယ့် မွေးနေ့ ကိုယ်တောင်ပြန်ပြန်မေ့ နေမှတော့
နယ်ရုပ်တွေနဲ့ .ပွဲသိမ်းရတော့ မှာ ။

ယာယီထိုးထားတဲ့ တဲလေးတွေထဲမှာ
ကိုယ့် အတွေးနဲ့ ကိုယ်ပေါ့ ။
စင်ရော်ငှက်လေးတွေလည်း ပျော်ပါတယ်
ကြွေအောင် ကိုယ်ကမပြောပြတတ်တာ ။ .... ။

_-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-_

ကဗျာဆရာ ညီယွန်းပိုင် ရဲ့ '' ထထ သက်ခိုင် ထ ၊ နှစ်အလီဆို ''စာသားကို တခုတ်တရ ယူရေးပါတယ်။

ရေထဲကို ဖားကလေး ခုန်ချ

Posted by ဏီမိုးz | | Category: | 0 comments

'' ရေထဲကို ဖားကလေး ခုန်ချ ''
~~~~~~~~~~~~~~~~~~

မင်းရှိမှ၊ မင်းမရှိလည်းဖြစ်တယ်
မင်းမကြိုက်တာတွေ ငါလုပ်ရတော့ မယ် ။

လာပါ တက်ကျမ်းတွေ ထိုးမကျွေးဘူး
ကန်စွန်းပလိန်းနဲ့ ဘီယာချိုချိုလား
နေကြာစေ့ လှော်နဲ့ ဂျု့စ် တစ်မျိုးမျိုးပေါ့
ကိုယ်ချစ် / သူချစ် တွေနဲ့
အပူအအေးကတော့ .စုံပါတယ် ။

လိုင်းကြောင်နေတဲ့ .နတ်ဝင်သည်လို
ကောင်းကင်ကိုဒူးနဲ့ .တိုက်ပြမယ် ။

မသွားခင်လေး ဒေါင့် .မှာကပ်နေတဲ့
မျက်ရည်တစ်စလောက် ယူသွားပါလား ။

စိတ်ညစ်နေရင် ပျော်စရာကြီးလို့
အကျယ်ကြီး ၃ခေါက် လိုက်ဆို
ပျော်စရာကြီး ပျော်စရာကြီး ပျော်စရာကြီး ...

အ၀ိုင်းတွေ အလုံးတွေ လေးဒေါင့် တွေနဲ့
မြင်ကွင်းကျယ် အာပလာတွေပါ ။

ကကြီး ကခွေးတွေနဲ့ သင်ပုန်းကြီးဖတ်စာ
မြွေတော့ လာမဖမ်းနဲ့ နော် ပြန်ကိုက်မှာ ။

မေတ္တာသုတ်နဲ့ ရေစင်ပက်ဖြန်းဖို့ လည်းမဟုတ်ဘူး
မွှေးချင်ရင်ရေမွှေး အေးချင်ရင်ရေအေး
တစ်ခုခု ထလုပ်လိုက်

အလိုချင်ဆုံးဆိုတာလည်း မေ့ ပစ်ရတော့ မယ်
မင်းရှိမှ၊ မင်းမရှိလည်းဖြစ်တယ် ။ ..... ။

Saturday, March 07, 2009

လမ်းရဲ့ ဟိုဖက်မှာ

Posted by ဏီမိုးz | Saturday, March 07, 2009 | Category: | 0 comments

__________လမ်းရဲ့ ဟိုဖက်မှာ___________


မဟာဂရုဏာတော် ကြီးပ
တစ်ချို့ က ဈေးနည်းနည်းပိုကြီးတယ် ။

ရေခံမြေခံချင်း မတူမှတော့
လိုက်မညှိချင်တော့ ဘူး
ဓါတ်ကြီးလေးပါးသက်သက်မှမဟုတ်တာ ။

ယိုင်နေတဲ့ အလင်းမှာ
ကမ္မ၀ိပါက် သက်တယ် ။

အပ အရည်ဝင်တဲ့ .မိုးသစ်တောတွေပဲ ။

နင်းကျိတ်သွားတဲ့ .လှည်းဘီးတွေအောက်မှာ
လောင်ကျွမ်းသွားသော ကြယ်တာရာများ ။
ပျောက်ဆုံးသွားသော မနေ့ .ကအကြောင်းများ ။

ဟော......လမ်းရဲ့ .ဟိုဖက်မှာ
မြောက်အရပ်က မြင်းရိုင်းတွေ
ဒုန်းစိုင်းလာကြပြန်ပြီလေ။......... ။


====================================================================================

Friday, March 06, 2009

လူ့ ဘုံ ခန်း ၀ါ

Posted by ဏီမိုးz | Friday, March 06, 2009 | Category: | 0 comments

လူ့ ဘုံ ခန်း ၀ါ
~~~~~~~~~~~~

အက်ကွဲနေတဲ့ မုခ်ဦး
ဆွေးမြည့် ရာဇ၀င်တစ်နံတစ်လျားမှာ
ငါ့ ပင်လယ် ရေသေလို့ ကျင့် ခဲ့ တယ် ။

အလကားရတာ လေ ပဲ
စိတ်နာလို့ . ဖြတ်တဲ့ အရက်
စိတ်နာလို့ .ပြန်သောက်တယ် ။

ပင်ဒိုရာ ရေမွှေးနံ့ နဲ့
ဟားပီး(စ်)တို့ ရဲ့ .အိမ်ပြန်ချိန် ။

သုံးဆယ့် တစ်ဘုံထဲက
အနိမ့် အမြင့် စုံတဲ့ .သုခုမအရူးဘုံ ။

ရေသည်ပြဇာတ်နဲ့ ဗေဒါလမ်းကဗျာ ။

ဦးဘညွန့် ရဲ့ ချစ်ဒုက္ခ ။

ဝင်ရိုးစွန်းအလှည့် အပြောင်းမှာ
တွင်းအောင်းသတ္တ၀ါတွေပြန်ထွက်လာအုံးမယ် ။

အာဒံနဲ့ ဧ၀လည်းတစ်ကပြန်စ
ဒီလိုနဲ့ သံသရာတစ်ပတ်လည်အုံးမယ် ။ ..... ။


_________________________________________________

Thursday, March 05, 2009

Eureka

Posted by ဏီမိုးz | Thursday, March 05, 2009 | Category: | 0 comments

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Eureka
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နရီတစ်ခုလို စီးဆင်းသွားတယ် ။

ချောက်ကမ်းပါးထိပ်က ရပ်သမ်

အရောင်လက်သွားတဲ့ ပဉ္စလက်

ဦးခေါင်းခွံထဲက တဒင်္ဂ လင်းပွင့် .မှုသန္တာ

အာရုံသစ်

အေးမြမြ ကျောက်စက်ရေ

ပွင့် ထွက်သွားတဲ့ တံခါး

လွင့် ထွက်သွားတဲ့ .ပိုးပုဝါ

ဝမ်းသာအားရ ဟစ်ကြွေးသော စကား

ပစ္စခတ်အာဟာရ ရဲ့ မိညိုမြ

သမုဒ္ဒရာထက်တက်တဲ့ .ရေတစ်ပွက်

နောက်တစ်မှတ်တိုင်ရဲ့ ခြေလှမ်းအစ

( ...................................................... )

ကွင်းစကွင်းပိတ်ထဲမှာ တစ်ခုခုအော်လိုက်မိတဲ့ အသံ ။ ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုတ်သင်ညို

Posted by ဏီမိုးz | | Category: | 1 comments

___________________________________________________________________________
ပုတ်သင်ညို
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သဘာဝ ရဲ့ . ဒိုရေမီဖာအတိုင်း
အသွေးအရောင်မပြောင်းတဲ့ ငယ်သီချင်းလေး။

အပြာရောင်လွင်ပြင်ထဲမှာ
အမောပြေ လွှတ်ကျောင်းထားတဲ့ ဘ၀သရုပ်ဖော်။

ပြီးပါပြီဆိုတဲ့ နောက်ဆက်တွဲ စာမျက်နှာ ၊
ဖယောင်းတိုင်၊ အလင်းညစာနဲ့ .ပွဲသဘင် ။

သူယောင်မယ်တို့ ရဲ့ .နိဗ္ဗန္ဓတေး။

ဂျစ်ပစီတို့ ရဲ့ ၀တ်မှုံကူးတဲ့ ရာသီ။
ဆောင်းရိပ်ခိုမဲ့ .ရိုမန်တစ် သတို့သမီး။
ဝင်ရိုးစွန်းမီးလျှံ
ထပ်ပြီးပြောရရင် ....
ပိုခုန်နေတဲ့ အ၀ါ ။ ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
___________________________________________________________________________

Wednesday, March 04, 2009

ကတ်ကင်း

Posted by ဏီမိုးz | Wednesday, March 04, 2009 | Category: | 0 comments

__________________________ကတ်ကင်း____________________________________________________


ကမ္ဘာကြီးကိုစောင်းအောင် ကျွန်တော်လှည့် လိုက်တာ
လွယ်မလိုလိုနဲ့ ခက်တယ်
ဗိုင်းကောင်းကျောက်ဖိသီချင်းလို
အရှိန်မြှင့် ထားတဲ့ စာသားတွေ
မျက်နှာသစ်ပြီး ဆေးကြောပစ်လိုက်လို့ မရဘူး
သူတို့ သတင်းစာပေါ်မှာ ဖိတ်စာဝေတယ်
အပေါစားပြက်လုံးတွေနဲ့
ဆံပင်အဖြူကို ဆေးဆိုးပြီးပြုံးပါ
ဆေးကူထားရတဲ့ ဆွတ်ကျင်လှိုင်းတွေ
ပွဲဖျက်တဲ့ မိုး
ဖျားနာနေတဲ့ ပန်းသီး
ကြာပြီ သစ်ခြောက်ပင်လို ခြောက်အိပ်မက်တွေ
ဆမ်ဖိုနီအတုတွေ
မိုးကြိုးက ငယ်ထိပ်ကိုမှန်တယ်
ဝေးသွားရင် အေးးသွားရော
ငါ့ မှာ ရီလိုက် မောလိုက်
အတွင်းလှိုက်လောင်တဲ့ ကိစ္စ
ထိုးဇာတ်က ရိုင်းတယ်
မြေကျရင်မြေပူတယ်
ရေကျရင် ရေဆူတယ်
'' ဒီတော့ ''
ကမ္ဘာကြီးကိုစောင်းအောင် ကျွန်တော်လှည့် လိုက်တာ ။ .... ။





_____________________________________________________________________________

ခုရေးမဲ့ အကြောင်းက ငါ့ ရှင်သန်မှုအတွက် ငါသတ်လိုက်ရတဲ့ ခြင်တစ်ကောင်

Posted by ဏီမိုးz | | Category: | 0 comments

________________________________________________________________________________________


အိမ်ရှေ့ .မှာခိုဖြူ ခိုပြာတွေဝဲတိုင်း

အရောင်စိုစိုအစား

အရောင်မှိုင်းမှိုင်းတွေ သုံးမိတာ

ငါကိုက အသံဝဲလို့ လေ

အားလုံးဟာ ပုလင်းခွံတွေပဲ

နေကြာပန်းလို ချစ်တယ် ။ .... ။




________________________________________________________________________________________

ပန်းနုရောင်ဒေါင့် ချိုး

Posted by ဏီမိုးz | | Category: | 0 comments

ပန်းနုရောင်ဒေါင့် ချိုး
_______________________

အာဒံနဲ့ ဧ၀က စတယ်ပဲပြောပြော
ယုန်ရုပ်ဆွဲပြီး ယုံလိုက်ပါ
အချစ်ရှိသေးလားမေးရင် သူခုန်ထွက်ခဲ့ မှာ

သိမ်းထုပ်ထားတဲ့ စံပယ်
ညီမလေးရဲ့ လက်သည်းခွံတွေက
ခဏခဏအရေခွံလဲတယ်

ကိုယ့် ကိုယ်ကိုယ် ဖျော်ဖြေလိုက်
သူများကို ဖျော်ဖြေလိုက်
ကမ္ဘာတစ်ပတ်ကြာတယ်

နောက်ဂျွမ်းထိုးပြီးထွက်လာတဲ့ ဥသြ
နဖူးပေါ်မှာ လပြည့် လကွယ်
ပစ်တိုင်းထောင်လို ခဏခဏ သူလဲတယ်

ရေခဲတောင်မှာ ရွှေရှာသလို
ဖြည့် ဖတ်လိုက်ရတဲ့ ရက်ပေါင်း ငါးရာ
သမုဒယ ပျားဖွပ်သမား

အေးမြတဲ့ သစ်ရိပ်ဆိုတာလည်း
စနစ်တကျ စိုက်ပျိုးပြီး
စနစ်တကျ ရိပ်သိမ်းရမှာ

သဝေထိုးတတ်လွန်းတဲ့
မမ်မိုရီထဲက ၂၄နာရီ
တိမ်ပြေးခြေရာလိုက်တဲ့ မုဆိုး
အဲဒီဒေါင့် ချိုးမှာမှ
ငါ့ ကိုယ်ငါ ၀တ်မှုံနဲ့ ပြန်မျှားမယ်


-------------------------------------------------------------------------ဏီမိုးz

Tuesday, March 03, 2009

!!!!!!!မိုးတစ္ဆေ ( မြန်မာပြည်တွင် လုပ်သည် )

Posted by ဏီမိုးz | Tuesday, March 03, 2009 | Category: | 1 comments

မိုးတစ္ဆေ ( မြန်မာပြည်တွင် လုပ်သည် )
~~~~~~~~~~~~~~~~~~~~~~~~

ရုတ်တစ်ရက်
သွေးနီလုံးတွေ
တစ်လုံးပြီးတစ်လုံး ဆောင့် ဆောင့် တက်လာ

လိပ်ပြာမလုံတော့ တဲ့ အိမ်ထဲမှာ
သပွတ်အူလို မီးခိုးကြွက်လျှောက်
ရာနှုန်းပြည့် .ရွာသွားတဲ့ မိုး

မှန်ကူကွက်ထဲမှာ လိုက်လည်နေတဲ့ အရုပ်တွေ

ဒီကနေ့ .ည မြို့ ထဲမှာ
နောက်ကျောမှာ ဓါးတန်းလန်းနဲ့ ဧပရယ်

မျက်နှာဖုံးတောင် မလိုအပ်တော့ တဲ့ ဗီလိန်။
အသံချဲ့ စက် သိပ်ကြိုက်ပြီး အသံသိပ်ကျယ်တဲ့ ဖားတွေ။

ဆံပင်အတို ညှပ်လိုက်ပြီလား ခလေး

ထပျံတော့ ခဲမှန်ဖူးတဲ့ စာ
ဖုန်မထတော့ ခွေးလေးအခုန်တဲ့
......................................
မှတစ်ပါး ရစရာမရှိအောင် ငြိမ်သက်လို့

ဒါ ... ကောင်းကင်ဖြစ်မဲ့ မှော်

လိုတာမရတဲ့ လရောင်အကန်း

တစ်ထပ်တည်းမကျနိုင်တော့ ဘူး

စိတ်မှာမမြင်ရတဲ့ . မီးပြတိုက်ကိုယ်စီ ။ ။



Sunday, March 01, 2009

ကျွန်တော့် လက်ကို သူကိုက်တယ်

Posted by ဏီမိုးz | Sunday, March 01, 2009 | Category: | 0 comments

ကျွန်တော့် လက်ကို သူကိုက်တယ်
~~~~~~~~~~~~~~~~~~~~~~

လူနားလည်တဲ့ စကားပြော
စိတ်ကောင်းလေးကလွဲပြီး
စာလုံးပေါင်းမှားခဲ့ ပါတယ်

ရွာရိုးကိုးပေါက်
စကားတွေက ဓါးချက်လိုပဲ
အသက်ရှုရတာ သိပ်ကြပ်တယ်

လေယူရာတိမ်း ယိမ်းတယ်
နောက်တစ်ခါ မွေးဖွားလာမဲ့ အချိန်ထိ
နက်ရှိုင်းစွာ တောက်ပခဲ့ ပါပြီ ၀ါညို ။ ။

____________________________________________________________________________

`````````````````` ခိုစာ ````````````````````

Posted by ဏီမိုးz | | Category: | 0 comments

`````````````````` ခိုစာ ````````````````````

ခုတစ်လော ခဏခဏ ခလုတ်တိုက်တယ် ။

ပိုပြိးမြင့် မားလေ

ပိုပြီးနက်ရှိုင်းလေပဲ ။

စိတ်ရဲ့ အကွာအဝေးမှာ

မြင်ရတဲ့ ရုပ်ကြည်လွှာ

ဟန်ချက်ညီအလှနဲ့

ဟဒယကို အထောက်အပံ့ ဖြစ်စေတဲ့ ဂီတ ။

အိမ်ရှေ့ မှာ ငေးမျှော်နေမဲ့

အရိုးကျမျက်ဝန်း တစ်စုံ ။

ဝါကျတွေ ကြိုးခုန်နေတယ်

ပေါ့ သွားမှာစိုးလို့ မပြောတော့ ဘူး

မပြည့် စုံမှု တစ်ခုပေါ့ ။

ရေစီးလိုမေတ္တာမျိုးနဲ့

ဝါးပင်လို အသံမြည်တဲ့ ယဉ်ကျေးမှုတွေရှိတယ် ။

ပုခက်လွှဲတဲ့ သီချင်းတွေ ကြည်လင်ပါစေလေ

နေရောင်ခြည်က မှတ်မိဖို့ မှ မလိုတာ

မှတ်ဥာဏ်ကို နေရာရွှေ့ တယ် ။

အမေပို့ သတဲ့ မေတ္တာကြောင့်

သား နေကောင်းသွားပါပြီ ။ ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

>>>>>> ရွက်ကျပင်ပေါက် <<<<<<

Posted by ဏီမိုးz | | Category: | 2 comments

>>>>>> ရွက်ကျပင်ပေါက် <<<<<<
မိသားစုတိုင်းမှာ .................
မျက်လုံးကထွက်တော့ .မျက်ရည်တဲ့
ပုံစံခွက်ထဲက မယ်လိုဒီတွေ
ကိုးရီးယားဇတ်လမ်းတွဲထဲက
အဖြည့် ခံ ပါရမီရှင်တွေသနားတယ်။

အရှိကိုအရှိအတိုင်းထား
နောက်မြီးတို ဖိနပ်ပါး
ဆေးစက်ကျရာ အရုပ်ထင်တယ်။

လမ်းတစ်ဝက်မှာ ရပ်နေတဲ့ .ရုပ်ရှင်။
ဖုန်းမှားဝင်လာတဲ့ .တနင်္လာ။
အိမ်မြှောင်အမြီးပြတ် ဇာတ်လမ်း။

အုတ်အော်သောင်းနင်းမီးလျှံမှာ
ဘူဇွာတော်လှန်ရေးတွေ ပါမယ်။

သဘာဝရဲ့ နေရာထိုင်ခင်းတွေက လှတယ်
စိတ်ငြိမ်ဆေးတွေနဲ့ သင်ပုန်းချေလိုက်လို့ .ရမလား

ရေသာများပြီး ငါးမတွေ့ တဲ့ အခါ
လကို ကွန်ချက်ဖမ်းပြီး
ချက်စားပစ်လိုက်ချင်တယ်။ ။


___________________________________________

"""" မနေ့ ကကြားတဲ့ သီချင်းသံ """"

Posted by ဏီမိုးz | | Category: | 0 comments

"""" မနေ့ ကကြားတဲ့ သီချင်းသံ """"

ရေစီးထဲ တိမ်ရိပ်လွင့် နေ

ကမ်းတစ်ဖက်

နီး လာ

ဝေး သွား

မဆုံဖြစ်တော့ တဲ့ နာရီနဲ့

တစ်ဝက်လျော့ နေတဲ့ ကြိုးနဲ့

အာနာပါန အမှားတွေနဲ့

မျက်စိမှိတ် လမ်းလျှောက်ကြရတဲ့ အခါ

ချစ်ခဲ့ တာတွေကို

ပုလင်းအလွတ်ထဲထည့်

ပင်လယ်ထဲ မျောလိုက်တယ် ။ ။



xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

******************************* အရူးလွယ်အိတ်ထဲက မဉ္ဇူရီ *****

Posted by ဏီမိုးz | | Category: | 0 comments

****** အရူးလွယ်အိတ်ထဲက မဉ္ဇူရီ *****

ရိပ်မိလွယ်တဲ့ သင်္ကေတတွေတောင်

အသေးစိတ်မှားနေပြီ

ထားခဲ့ .ပါ ဥာဏ်မမှီတဲ့ .ငါ့ .ကို

နားမဆံ့ .အောင် ပြန်ကြားရ

နေ့ .ဆိုအဖုံးဖွင့် .လိုက်တာနဲ့

သူ့ .အမည်လေးက ရင်ဘတ်ပေါ်လာတင်တယ်

နာကျင်လွယ်တဲ့ ၀ဋ်နာ ကံနာ

လမ်းပေါ်မှာ လွင့် နေတဲ့ အမှိုက်တွေ

မျက်စိလည်နေတဲ့ နှောင်းဖြစ်တေးတွေ

တံတွေးက မျက်နှာပေါ် တည့် တည့် လာကျတယ်။

အိပ်မက်ကမက်မရတဲ့ .ပြာလဲ့ လဲ့ .ရယ်

ဝင်္ကန္တ ပြတင်းပေါက်တွေကို မေ့ .ထားချင်တယ်။ ။


-------------------------------------------------------------------------------------------------------