Friday, July 31, 2009

~~~

Posted by ဏီမိုးz | Friday, July 31, 2009 | Category: , | 0 comments

အလင်းက ထိန်းလေ ပိုယိုင်လေ
ငါမြင်ဖူးမှ ငှက်တွေစပျံတာ
အသံကိုဖျောက်ထားလို့ မရဘူး
နာကျင်မှုမှာ
လမ်းတွေရယ်
နောက်ထပ်လမ်းတွေရယ်
မရှိမှ ပိုလွမ်း
ရှိမှ ပိုလိုချင်တဲ့ အရာတွေရယ်
ပြောဖူးခဲတဲ့ စကားတွေရယ်
အတို့ အထိတိုင်း
စိတ်ကပ်လိုက်တိုင်း သူပါနေတယ်
နားမလည်မှုမှာ ယဉ်ပါးခဲ့ ပြီ

Tuesday, July 21, 2009

~~~

Posted by ဏီမိုးz | Tuesday, July 21, 2009 | Category: , | 0 comments

တစ်ကယ်လို့ ဒီလမ်းဟာ
ဗေဒါလမ်းဖြစ်ခဲ့ မယ်ဆိုရင်
ကိုယ်က ခုန်ဆင်းခဲ့ တာ
ကိုယ့် ဆီ ခုန်ဆင်းခဲ့ တာ
ခုန်ကြည့်ပါ
ပျံသန်းတတ်လာလိမ့်မယ်။

အိပ်မက်နဲ့
တစ်လှမ်းကွာ နှစ်လှမ်းကွာ
ရေစုံမျောသွား။

အရေးကြီးတာ မကြီးတာ
အစွဲအလမ်းကြီးတာ မကြီးတာ
တစ်ခါ တစ်ခါ
မိုးရွာရင် မိုးသီချင်းလေးတွေသတိရမယ်
ငါတို့ က သီချင်းကို လိုက်ဆိုရတဲ့ လူတွေ။

ကိုယ့်ကိုယ်ကိုယ်
နေရောင်မှာ ထောင်ကြည့်တယ်
လက်ပေါ်တင်ကြည့်တယ်
လက်တုန်နေတော့
ဒီဘူတာလည်း ရပ်ဖြစ်မယ်မထင်ဘူး။

Tuesday, July 14, 2009

တစ်ယောက်တည်းငါ ဘယ်သွားသွား

Posted by ဏီမိုးz | Tuesday, July 14, 2009 | Category: | 0 comments

လက်ခုပ်ထဲ
ကော်ဖီခွက်လေး မှောက်ကျသွား

ဘာလို့ ဒါတွေလိုက်ပြောနေမှာလဲ
အပ်တစ်ထောက်စာ
မိုးပျံပူဖေါင်းဘ၀တွေ

နည်းနည်းလေး အားစိုက်လိုက်ရုံ
လမ်းခွဲ
စွန့်လွှတ်ရဲဖို့ က ခက်တယ်။

ဒီတနင်္လာ က ငါ့တနင်္လာ
ဒီစက်ဝိုင်းထဲ
ကျော်ကျော်ပြီးကြည့်
ပြောပြောဖို့ မေ့ နေတဲ့ အကြောင်းတွေ

ဒီတစ်ခါ
ဘယ်သွားသွား
ဘယ်လောက်ဝေးဝေး
မေ့စရာရှိတာတွေ မေ့ထားခဲ့ ပြီ။

_____________________________________
=====================================