Sunday, September 26, 2010

xxxxxx ကြယ်ရူး xxxxxx

Posted by ဏီမိုးz | Sunday, September 26, 2010 | Category: | 0 comments


( ငေးကြည့်ခဲ့ရတဲ့ ကြယ်တွေ )

အရည်ပျော်တယ်ဆိုလည်း ပေါ့ပေါ့ပါးပါးပဲ။

ပန်းတွေ အပင်ပေါ် ပိုလှသလို
ဆံပင်ပေါ် ပိုလှသလို
မေတ္တာသက်ဝင်မိသူ
မွေးနေ့မှာ မြစ်ဆိပ်ရောက်ခဲ့တယ်။

ဘာရယ်မဟုတ်ဘူး
ရင်ခုန်ရုံ သက်သက်သာ
အနားမှာသူမရှိပေမဲ့ သူရှိနေသလို
ရင်ဘတ်တွေ အောင့်အောင့်လာတာမျိုး
အဲ့ဒီ ညနေ
သိမ်း(စ်)မြစ်ဟာ သွေးမြစ်ဖြစ်ခဲ့တယ်။

ကောင်းကင်အတု
ဒစ်ဂျစ်တယ်မိုး
မျက်ရည်ကော်ဖီ
ရုပ်ရှင်ကြည့်ပြီး
ရုပ်ရှင်ထဲကအသံတွေ စွဲနေတယ်။

ဆံပင်တွေသာ ရှည်ရှည်လာခဲ့ရတယ်
ကျနော် အရပ်မရှည်ချင်တော့ဘူး။