Tuesday, September 29, 2009

ပဲ့ တင်သံ ၃၀

Posted by ဏီမိုးz | Tuesday, September 29, 2009 | Category: | 0 comments

မိသားစုထဲ
သက်တန့် လို
မေတ္တာပေါင်းကူး တစ်စင်း
ခရီးသွားမိုးတိမ် ကျွန်တော်။

အလောသုံးဆယ်
စဉ်းစားရင်း ဆံပင်ဖြူသွားတာ
ဦးတာတိ သုံးဆယ်ပြည့် ပြီ ။

သံယောဇဉ် ဒေါင့် ကျဉ်းမှာ
လိုတာမရ ရတာမလို
ဖြစ်တည်မှု မှိုင်းစွဲခဲ့ ။

ပုံမှန်ပါပဲ
အခိုးအငွေ့တွေဖြစ်လို့
အထီးကျန်မှုမှာ
ငါ့ အသက်ရှုသံ
နှေးသွားလိုက် မြန်သွားလိုက်။

သွေးမ၀သေးတဲ့ ခြင်
အသံမမြည်သေးတဲ့ တနင်္လာ
ငါရေးလို့ ငါရှိခဲ့တဲ့ မွေးနေ့ ။

မိုး .. မိုး... မိုး
ဖား ..ဖား ...ဖား
ချစ်ခြင်းဖွဲ့ ရာဇ၀င်ထဲ
အသံချဲ့ စက်သိပ်ကြိုက်ပြီး
ကောင်းကင်က
မလွတ်မြောက်သေးတဲ့ ကြယ် ။ ...။

Monday, September 21, 2009

~~~

Posted by ဏီမိုးz | Monday, September 21, 2009 | Category: | 0 comments


ပေါက်တက်ကရ
မျောက်တွေက ဘယ်တော့ မှ အခုန်မရပ်ဘူး။

မင့်လက်ရေး
ဘယ်စောင်းသလား၊
ညာစောင်းသလား။

မလိမ္မာရင် အသက်ပါသွားမယ်မှတ်။

စက္ကူပန်းမွှေးမွှေး
ဝေဆာနေတဲ့ ဥယျာဉ်
နိုင်ငံရေးအသိစိတ်ဓါတ်မရှိတဲ့ ကျောင်းသား

ခြင်တစ်ကောင်ရဲ့ သမ်းဝေမှုမှာ
ဆဲလ်အသေတွေ ပိုများများလာတယ်။

ဟုတ်တယ်။
မျက်လုံးပြာပြာဖြစ်ဖြစ်
နီနီဖြစ်ဖြစ်
ဘာမှမလုပ်သေးရင်
ဘာမှမဖြစ်သေးဘူး အမေ။ .... ။

Tuesday, September 15, 2009

ဘာလဲ ဘယ်လဲ

Posted by ဏီမိုးz | Tuesday, September 15, 2009 | Category: | 0 comments

တစ်ပွင့် လိုချင်
တစ်ပင်လုံး ခုတ်ယူကြတဲ့ ခေတ်မှာ
ဘယ်သူမှမငိုရင်
စစ်မဖြစ်ဘူးအမေ။

လမ်းဟောင်းလေးအတိုင်း
ဆက်သွားကြရင်
အလှတရားတွေကလည်း
ပုံပြင်ဆန်နေအုံးမှာ။

ရုပ်ဖျက်ထားတဲ့
သဲလွန်စတွေ
မေးခွန်းတွေ။

လမ်းခွဲရခြင်းမှာ
နောက်ဆုံးကျည်ဆံ တစ်တောင့်
လိုကောင်း လိုလိမ့် မယ်။

Tuesday, September 08, 2009

ဖြစ်သမျှ အကြောင်း

Posted by ဏီမိုးz | Tuesday, September 08, 2009 | Category: | 0 comments


ဖြစ်သမျှ အကြောင်း
ပန်တော်ဦး သစ္စာ။

ပျော်ရွှင်သော
ဝမ်းနည်းသော
သီချင်းတွေကို အတူလိုက်ဆိုဖို့ ။

တစ်မိုးအောက်မှာ
ကစဉ့် ကလျား
ပြန်မလာနိုင်တော့ တဲ့ သူတွေ
ပြန်မလာတော့ တဲ့ သူတွေ

မီးများမီးနိုင်
ရေများရေနိုင်
မည်းမှောင်သောတနင်္ဂနွေနေ့။

ပင်လယ်ထဲ
နောက်ထပ် ငါးတွေ ရှိအုံးမှာ။

Thursday, September 03, 2009

သီချင်းများမှာ ကိုယ့် ကို နားဆင်ပါ

Posted by ဏီမိုးz | Thursday, September 03, 2009 | Category: | 0 comments

သီချင်းများမှာ
ကိုယ့် ကို နားဆင်ပါ။

လေချွန်သံကိုလိုက်ပြီး
ဂစ်တာကို စတင်တီးခတ်လိုက်တယ်။

အညာသူရေ
ကဗျာမဆန်တော့ တဲ့ ကဗျာတစ်ပုဒ်ဟာ
စကားလုံးတွေသာဖြစ်ခဲ့ရင် ကောင်းမှာ။

အမှန် အမှား
ဓါးသွားနှစ်ဖက်ကို ကိုက်လို့
တစ်က ပြန်စမယ်ဆိုမှ
တစ်ပျောက်နေတယ်။

အလိုကျအတိုင်း
ကမ္ဘာဦးအစကိုလည်း
ပြန်မသွားချင်တော့ ဘူး။

မုတ်သုံလေဟာ
မိုးကိုသယ်ဆောင်လာတယ်။

xxxxx>>>>>xxxxx<<<<<>>>>xxxxx<<<<<>>>>xxxxx<<<<<>>>>xxxxx