Tuesday, September 29, 2009

ပဲ့ တင်သံ ၃၀

Posted by ဏီမိုးz | Tuesday, September 29, 2009 | Category: |

မိသားစုထဲ
သက်တန့် လို
မေတ္တာပေါင်းကူး တစ်စင်း
ခရီးသွားမိုးတိမ် ကျွန်တော်။

အလောသုံးဆယ်
စဉ်းစားရင်း ဆံပင်ဖြူသွားတာ
ဦးတာတိ သုံးဆယ်ပြည့် ပြီ ။

သံယောဇဉ် ဒေါင့် ကျဉ်းမှာ
လိုတာမရ ရတာမလို
ဖြစ်တည်မှု မှိုင်းစွဲခဲ့ ။

ပုံမှန်ပါပဲ
အခိုးအငွေ့တွေဖြစ်လို့
အထီးကျန်မှုမှာ
ငါ့ အသက်ရှုသံ
နှေးသွားလိုက် မြန်သွားလိုက်။

သွေးမ၀သေးတဲ့ ခြင်
အသံမမြည်သေးတဲ့ တနင်္လာ
ငါရေးလို့ ငါရှိခဲ့တဲ့ မွေးနေ့ ။

မိုး .. မိုး... မိုး
ဖား ..ဖား ...ဖား
ချစ်ခြင်းဖွဲ့ ရာဇ၀င်ထဲ
အသံချဲ့ စက်သိပ်ကြိုက်ပြီး
ကောင်းကင်က
မလွတ်မြောက်သေးတဲ့ ကြယ် ။ ...။

Currently have 0 comments:


Leave a Reply