Sunday, October 11, 2009

ကိုယ့် အသွားလေးနဲ့ ကိုယ် အထာကျ

Posted by ဏီမိုးz | Sunday, October 11, 2009 | Category: |

ချီးမွမ်းစရာ
အပြစ်ဆိုစရာ
မြစ်တစ်ဖက်ကမ်းမှာ
မြင်းတွေ ကကြိုးဆင်နေတာ
မြင်လိုက်ရဖူးတယ်

လူကြီးလူကောင်းဆန်ဖို့ ၊ မဆန်ဖို့
မတိကျမှုတစ်ခုကို ပုံဖော်ဖို့
နားမလည်မှုတစ်ခုကို ဖွင့် ဆိုဖို့
ဦးဏှောက်ကို သိမှု ၊ ရှိမှု နဲ့ ဆေးတယ်

အရောင်အဆင်းမဲ့ မဲ့
သီချင်းဗလာ ၊ လရောင်ဗလာ
လက်မှာဆုပ်ခြေထားခဲ့ ပြီးသော
ပျောက်ဆုံး နေ့ ၊ ညများ
သဘာဝက များများစိမ့် ၀င်နိုင်လေ
မြန်မြန် ပျက်စီးလေ ထင်ရတဲ့ အရာများ

အပျော်တမ်းဖြစ်ဖြစ်
ပညာရှင်ဖြစ်ဖြစ်
ကြေးစားဖြစ်ဖြစ်
အချစ်ကြီးချစ်တဲ့ အခါ
လေထဲမှာ ပန်းဆိုတာတွေလည်း
ပွင့် ကောင်းပွင့် ခဲ့ လိမ့် မယ်။

နားလည်အောင်ကြိုးစားရင်း
လူနေထူထပ်လာ
စောင့် စားသည်းခံရမှုတွေ
ဘာမှမရှိတာကို တစ်ခုခုရှိသလိုခံစား
အဆာပြေမှ စဉ်းစားခန်းထပ်လုပ်အုံးမယ်။

သက်ပြင်းတွေ နဂါးငွေ့ တန်းဖြစ်တဲ့ အထိဆို
သက်တမ်းတွေထပ်ပေါင်းထည့် ဖို့ လိုမယ်
နည်းမျိုးစုံနဲ့ ရှင်သန်နေတဲ့ သက်ရှိတွေ
ဒုက္ခ္ခ္ခဆီတည့် တည့် ရောက်ဖို့
လက်တစ်ကမ်းအလို
တစ်မိုင်အလို
ရက်ပေါင်းဘယ်လောက်အလို။

ဖြေသိမ့် စရာဆိုလို့
နောက်မိနစ်နှစ်ဆယ်ဆို
ကျုပ်ဒီမှာမရှိတော့ ဘူးလို့ မင်းပြောနိုင်ပြီ။ ...။

Currently have 0 comments:


Leave a Reply