Wednesday, October 21, 2009

မပွင့်တပွင့် ပေးစာ

Posted by ဏီမိုးz | Wednesday, October 21, 2009 | Category: , |


ခင်ဗျားကြိုက်မကြိုက်တော့ မသိဘူး
ပြောရင် ကျုပ်မာန်ပါတယ်။
ဒီဂွင်က ခံစားချက်ပါတော့
မှားကောင်း မှားလိမ့်မယ်။

ငပေါ မပါ
ရာပါ မပြီး ဇတ်လမ်းလို
ဒီနေ့ အသစ်အဆန်းတစ်ခုလို
ကျုပ်တို့ မပွင့် လင်းခဲ့ ကြဘူး။

( နားအေး ပါးအေး )
စိတ္တဇ တစ်ခုလို
( ဘေးထိုင် ဘုပြော )
ဖက်ရှင်တစ်ခုလို
မိုက်ရူးရဲနဲ့ သွေးကြောင်နှစ်ခုကြား
ရှင်သန်မှုကို လိုက်ရှာတယ်။

ဘယ်လမ်းစဉ် ဖြစ်ဖြစ်
ရန်ငါ မပြတ်သရွေ့
မြစ်မှာ အပြစ်ရှိတယ်ဆို
ပင်လယ်လည်း အပြစ်ရှိတာပဲ ။

သူ့ စီးဆင်းမှု နဲ့ သူ
လျှာပဲဖြတ်ဖြတ်
ဇတ်ပဲ ဖြတ်ဖြတ်
စိတ်ကလေးထားတတ်ရင်
သူရဲကောင်း ဘွဲ့ မလိုဘူး။

သေနတ်နဲ့ ပစ်ရင်
ဂျင်ကလိနဲ့ ပစ်မယ်
အော် ...အော်...ပြီး
စမယ်ဆို စကြတော့ ။

ရေတိမ်ပေါ် ဖြတ်လျှောက်ရင်း
ခလေးတွေး တွေး ။
လူကနေ လူကို အကျိုးပြုမယ်ဆို
ရုပ်ဆိုးကြီးလည်း ယူမှာပဲ ။

အရေးကြီးတယ်လို့ ထင်ရတဲ့
အရာအားလုံးကို
စည်းတစ်ခု တားခဲ့ မှာ
ရေစက်က
လှည်းဘီးလို လည်နေတော့
လက်ထိုးဝင်လိုက်တယ်။

Currently have 0 comments:


Leave a Reply