Wednesday, October 14, 2009

မှုန်ရီရီ နေနီနီ

Posted by ဏီမိုးz | Wednesday, October 14, 2009 | Category: |


ကောက်ရိုးခြေထောက် မြက်ခြေထောက်နဲ့ ပဲ
ဇတ်လမ်းထဲမှာ ဇတ်လိုက်လို နေထိုင်ခဲ့ ကြ
ငါတို့ သေနတ်က ကျည်မထွက်ပါဘူး
နားတွေကို ဖြုန်းတီးမိခဲ့တယ်။

ရှိသမျှအကုန်
စာရွက်အဖြူပေါ် အဖြူနဲ့
ရေးခဲ့ ကြတဲ့ အမှောင်။

အသင်္ချေ အသင်္ချာ
လုံးကြီးတင် တော်တော်များခဲ့ တာ
နာမည်က လျှာဖျားတင် ထစ်နေတာ။

'ဘာအကြောင်းပြချက်မှ မရှိပဲ
အကြောင်မရိုက်နဲ့ '
အဆင်ပြေအောင် ငါ ဆားဖြူးထားတာ။

သူမကို ချစ်သည်။
သူမက မချစ်ပါ။
ဒီလို ရေဖြည့် ပေးတော့ လည်း
နောက်လှည့် ကြည့် စရာ မလိုတော့ ဘူးပေါ့။

ငါလျှောက်ပြောနေတာ
ဘာမှကို အရေးမကြီးတော့ ဘူး။
ဘာမှကို အရေးမကြီးတော့ ဘူး။
ပါးပေါ်က ၀က်ခြံကို ရေးကြီးခွင်ကျယ် လုပ်ဖို့
ရေဒီယိုလေး ဘာလေးဖွင့်ကွာ။

လေတိုက်တိုင်း
စ ၊ လယ် ၊ ဆုံး
အသံတွေ ၊ ရုပ်တွေ လိုက်ပြောင်းနေတာ။

Currently have 0 comments:


Leave a Reply