Tuesday, October 20, 2009

ဖလန်း ဖလန်း

Posted by ဏီမိုးz | Tuesday, October 20, 2009 | Category: , |


ကျုပ်ပြောတာလည်း အဲဒါပဲ
ခင်ဗျားပြောတာလည်း အဲဒါပဲ
အဓီပ္ပါယ်ကလည်း အဲဒါပဲ။

ရန်သူ ဖြစ်ဖြစ်
မိတ်ဆွေ ဖြစ်ဖြစ်

ဆိုရင် ဆိုကွာ
လိုက် လိုက် မတီးနဲ့ ။

တီးရင် တီးကွာ
လိုက် လိုက် မဆိုနဲ့ ။

အနေအထား
ကြီးကြီးသေးသေး
ဖီလင် လေလျော့တယ် ။

အယ်နီညို
လာနီညာ
မျက်နှာတွေ ။

ရူမျှော်ခင်း စိမ်းစိမ်း
တယောမြေ ။

အိမ်ခေါင်မိုး နီနီ
မီးလောင်မြေ ။

အမှတ်အသားတစ်ခုလို
အသံတိတ်
အရိပ် ကြည့် ။

ကြည်လင်တာ
မကြည်လင်တာ ဆေးဖို့
အကြောင်း မရှိဘူး ။
ရောဂါ မရှိဘူး ။

မပြန်လမ်း
အဝေးလမ်း
ယုံကြည်မှ ရဲတယ်။

Currently have 0 comments:


Leave a Reply