Tuesday, October 13, 2009

စင်ရော်ငှက်လေးတွေက
အစာလိုချင်လို့ လှေနားဝဲတာ
ပျော်ချင်လည်း ပျော်မှာပေါ့ လေ။
အဲဒီ မြစ်ကမ်းနံဘေးမှာ
ဘ၀တွေကို မြုပ်နှံလို့
စတေးခဲ့ သမျှ
ပြန်လှည့် မရရင်
ငိုဖို့ ရီဖို့ ခက်ပြီဆိုပါတော့
ဘယ်လိုပဲ စကားလှအောင်ပြောပြော
တီကောင်က တီကောင်လိုကျင့် တယ်
အရှိတရားတစ်ဖက်ကို
လွန်မြောက်ဖို့ ဆိုတာလည်း
ပါရမီရှင်တွေမှ မဟုတ်ခဲ့ ကြပဲ။
နှုတ်ခမ်းတွေကို
ထပ်မလောင်ကျွမ်းစေရုံ သက်သက်သာ။
အရွယ်သုံးပါး
အရိပ်သုံးပါး
အကြောင်းသုံးပါးမရွေး
ညောင်သီးလေးက ချိုပါတယ်။
ကိုယ့် ကိုယ်ကိုယ်ချစ်တာပါလို့ ပြောရင်
ဒီသီချင်း အခုရပ်
ဘာမှမရှိတော့ တာကိုမှ ထပ်ယူသွား
ဒီအရွယ်ထိ ဒီလို လည်ပတ်နေရတာ
မေမေရေ သားကို ခံနိုင်ရည်တွေ ပေးပါ။
Subscribe to:
Post Comments (Atom)


Currently have 0 comments: