Monday, October 26, 2009

လွမ်း မှောင်ရိပ်ခို

Posted by ဏီမိုးz | Monday, October 26, 2009 | Category: , |


သွား အထဲဝင်
အသံမဲ့ ပါးမွှား
အိုးစားကွဲ ဇော
အမည်းရောင်လ။

ဥစ္စာရူး ရွှေရှာ
အရူးပါး သရဲမွေး
မျက်ပေါက်ကျဉ်း။

သရက်ပင်အောက်
သရက်သီးရှား
ဘုံလုံသီးစား။

လက်ပေး လက်ကိုက်
မိကျောင်း မျက်ရည် ။

အသားထဲက
ကျွဲကူး ရေပါ
ရပ်ကွက်နာ
ကာမိကာဇေ အ၀ါ ။

အချိန်စေ့ ပြီ
ဘယ်သူ ဘယ်ကလဲ
ဘာပွဲလဲ ။

Currently have 0 comments:


Leave a Reply