Monday, September 21, 2009

~~~

Posted by ဏီမိုးz | Monday, September 21, 2009 | Category: |


ပေါက်တက်ကရ
မျောက်တွေက ဘယ်တော့ မှ အခုန်မရပ်ဘူး။

မင့်လက်ရေး
ဘယ်စောင်းသလား၊
ညာစောင်းသလား။

မလိမ္မာရင် အသက်ပါသွားမယ်မှတ်။

စက္ကူပန်းမွှေးမွှေး
ဝေဆာနေတဲ့ ဥယျာဉ်
နိုင်ငံရေးအသိစိတ်ဓါတ်မရှိတဲ့ ကျောင်းသား

ခြင်တစ်ကောင်ရဲ့ သမ်းဝေမှုမှာ
ဆဲလ်အသေတွေ ပိုများများလာတယ်။

ဟုတ်တယ်။
မျက်လုံးပြာပြာဖြစ်ဖြစ်
နီနီဖြစ်ဖြစ်
ဘာမှမလုပ်သေးရင်
ဘာမှမဖြစ်သေးဘူး အမေ။ .... ။

Currently have 0 comments:


Leave a Reply