Tuesday, September 15, 2009

ဘာလဲ ဘယ်လဲ

Posted by ဏီမိုးz | Tuesday, September 15, 2009 | Category: |

တစ်ပွင့် လိုချင်
တစ်ပင်လုံး ခုတ်ယူကြတဲ့ ခေတ်မှာ
ဘယ်သူမှမငိုရင်
စစ်မဖြစ်ဘူးအမေ။

လမ်းဟောင်းလေးအတိုင်း
ဆက်သွားကြရင်
အလှတရားတွေကလည်း
ပုံပြင်ဆန်နေအုံးမှာ။

ရုပ်ဖျက်ထားတဲ့
သဲလွန်စတွေ
မေးခွန်းတွေ။

လမ်းခွဲရခြင်းမှာ
နောက်ဆုံးကျည်ဆံ တစ်တောင့်
လိုကောင်း လိုလိမ့် မယ်။

Currently have 0 comments:


Leave a Reply