Tuesday, July 21, 2009

~~~

Posted by ဏီမိုးz | Tuesday, July 21, 2009 | Category: , |

တစ်ကယ်လို့ ဒီလမ်းဟာ
ဗေဒါလမ်းဖြစ်ခဲ့ မယ်ဆိုရင်
ကိုယ်က ခုန်ဆင်းခဲ့ တာ
ကိုယ့် ဆီ ခုန်ဆင်းခဲ့ တာ
ခုန်ကြည့်ပါ
ပျံသန်းတတ်လာလိမ့်မယ်။

အိပ်မက်နဲ့
တစ်လှမ်းကွာ နှစ်လှမ်းကွာ
ရေစုံမျောသွား။

အရေးကြီးတာ မကြီးတာ
အစွဲအလမ်းကြီးတာ မကြီးတာ
တစ်ခါ တစ်ခါ
မိုးရွာရင် မိုးသီချင်းလေးတွေသတိရမယ်
ငါတို့ က သီချင်းကို လိုက်ဆိုရတဲ့ လူတွေ။

ကိုယ့်ကိုယ်ကိုယ်
နေရောင်မှာ ထောင်ကြည့်တယ်
လက်ပေါ်တင်ကြည့်တယ်
လက်တုန်နေတော့
ဒီဘူတာလည်း ရပ်ဖြစ်မယ်မထင်ဘူး။

Currently have 0 comments:


Leave a Reply