Sunday, March 29, 2009

ငါ့ စိတ်ကလေးသာ ငြိမ်သက်နေရင်

Posted by ဏီမိုးz | Sunday, March 29, 2009 | Category: |

-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-

စိတ်က ဆယ့် သုံးခွ ဆယ့် လေးခွဖြစ်ဖြစ်နေတယ်
ဆေးကို လှုပ်လှုပ်ပြီးသောက်
အဖုံးဖွင့် လိုက်ရင်
ဂက်စ်တွေပေါက်ထွက်လာလိမ့် မယ်

ဓါးကိုလက်နဲ့ သွေးရတာ
အလင်းမလောက်ဘူးလား
မီးပေါက်ပြီးဆော့ ရတဲ့ လင်္ကာ

ချိတ်တွေခဏဖြုတ်ထားလိုက်
စိမ်းစို မြက်ခင်းပေါ် အိပ်ရတဲ့ ဖီလင်
အမြင်နဲ့ တင် ကြွေသွားမဲ့
ပေါက်ပန်းလေးဆယ်တွေ
အလန်း လေးတွေ
တို့ စားကြည့် ကြည့်

ယုံဘူးဆို ယုံဘူးဆိုပဲ
စာအကြမ်းအချောကဘယ်လောက်ကြာမှာလဲ
ရိုးရိုးရေကိုပဲ ခွက်ရွေးနေသေးတယ်

ရင်ဘတ်ပေါ် ကျတဲ့ လရောင်တွေက
ဂီယာချိန်းလို့ ရလား
ဒီဂရီသိပ်များရင်လည်း သိပ်မြင့်တာပဲ
လမ်းပိတ်တယ်။

တယ် ငါရိုက်လိုက်ရ ၀ါး
သိပ်ရိုးတာပဲ
ဘာလို့ အသံလိုက်ထွက်တာလဲ။
-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-

Currently have 0 comments:


Leave a Reply