Monday, March 09, 2009

ရှန်ဂရီလာ

Posted by ဏီမိုးz | Monday, March 09, 2009 | Category: |

ရှန်ဂရီလာ
~~~~~~~

" မိုးမခပင်တွေ အလှသစ္စာတည် "

ချစ်ခဲ့ တာတွေကို
တစ်ကနေ တစ်ဆယ်အထိရေတယ်

တစ်နဲ့ တစ်ပေါင်းရင် တစ်ရတယ်
နှစ်သက်ရာ နှစ်ချို့ ဆောင်းရာသီ ခါးခါး
သုံးနှစ်သုံးမိုး ပျိုးခဲ့ တဲ့ လိမ္မော်ပင်
လေးပါးဆုံမဲ့ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း
ငါးမရ ဓါးဆုံး
ခြောက် ခြောက် ခြား ခြား ခြောက်ကြိုးကဝေ
ခုနှစ်သံချီအော်နေတဲ့ .ခုနှစ်ဆယ့် ကိုးခုဖွား
ရပ်ပြစ်ရှစ်ပါး လောကဓံ
ကိုးကျောင်းကြေတဲ့ .ကိုးန၀င်းဂါထာ
တစ်ဆယ်စား တစ်မတ်လျော်မယ်

သွေးထွက်အောင် မှန်တယ် မဟုတ်လား
'ကိုယ်ကျိုးစွန့် ..မဲ့ .ကြယ်တွေ'
လူမိုက်များအလိုရှိသည် ။ ....... ။






2 comments:

  1.ီမိုက်တယ်ဗျ။

    ReplyDelete
  2.ီလူမိုက်များ အလိုရှိသည် ဆိုလို့ မိုက်ကြောင်းပြောမဟုတ်ဘူးဗျ။ ကဗျာမိုက်တာကိုပြောတာ။ :-)

    ReplyDelete