Sunday, March 15, 2009

သစ္စာတိုင်

Posted by ဏီမိုးz | Sunday, March 15, 2009 | Category: |

သစ္စာတိုင်
~~~~~~~~~~~

အားလုံးမီးမှိတ်ပါ ။

အိပ်မက်ထဲမှာ
ဖွင့် ဆိုမထားတဲ့ လရောင် ။

နှစ်ကိုယ်တူ ကျွန်းလေးပေါ်မှာ
ရေလှိုင်းလေးတွေလို
ကမ်းခြေပေါ် ပြေးဆော့ . လို့

မင်းအတွက် ငါက
ဘယ်သူမှမနင်းရသေးတဲ့ . နုံးအိအိလေးတွေပေါ့ ..။

ချစ်ရတာ ဒီရေအတက်အကျလိုပဲ
အုံးဖူးရည်လိုလည်း မူးတယ် ။

ရေအောက်ကမ္ဘာက
ရေသူမတွေက လာနောက်နေတယ် ။
နည်းနည်း ပိုဝလာပြီး
" သူတို့ လောက် မလှပါဘူးတဲ့ "

တော် တိတ်

ဘုရင်မ အမျက်တော်မရှခင်

မင်းတို့ . ပုံပြင်ထဲမှာပဲ နေခဲ့ .ကြ ။

အုန်းလက်တွေက ကချေသည်
လည်မှာဆွဲပေးခဲ့ .တဲ့ .ပုလဲ ။

သဲပွင့် .တွေလို သစ္စာတိုင်
ပုံပြင်ထဲက ပုံပြင်တွေ

ငါ့ .ထက် ပိုချစ်ရင်တောင်
ငါ့ လောက်မချစ်နိုင်တော့ .ပါဘူးကွာ ။

ခေါင်းအုံးကို ပြောင်းပြန်လှန်လိုက်တယ် ။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Currently have 0 comments:


Leave a Reply