Friday, March 06, 2009

လူ့ ဘုံ ခန်း ၀ါ

Posted by ဏီမိုးz | Friday, March 06, 2009 | Category: |

လူ့ ဘုံ ခန်း ၀ါ
~~~~~~~~~~~~

အက်ကွဲနေတဲ့ မုခ်ဦး
ဆွေးမြည့် ရာဇ၀င်တစ်နံတစ်လျားမှာ
ငါ့ ပင်လယ် ရေသေလို့ ကျင့် ခဲ့ တယ် ။

အလကားရတာ လေ ပဲ
စိတ်နာလို့ . ဖြတ်တဲ့ အရက်
စိတ်နာလို့ .ပြန်သောက်တယ် ။

ပင်ဒိုရာ ရေမွှေးနံ့ နဲ့
ဟားပီး(စ်)တို့ ရဲ့ .အိမ်ပြန်ချိန် ။

သုံးဆယ့် တစ်ဘုံထဲက
အနိမ့် အမြင့် စုံတဲ့ .သုခုမအရူးဘုံ ။

ရေသည်ပြဇာတ်နဲ့ ဗေဒါလမ်းကဗျာ ။

ဦးဘညွန့် ရဲ့ ချစ်ဒုက္ခ ။

ဝင်ရိုးစွန်းအလှည့် အပြောင်းမှာ
တွင်းအောင်းသတ္တ၀ါတွေပြန်ထွက်လာအုံးမယ် ။

အာဒံနဲ့ ဧ၀လည်းတစ်ကပြန်စ
ဒီလိုနဲ့ သံသရာတစ်ပတ်လည်အုံးမယ် ။ ..... ။


_________________________________________________

Currently have 0 comments:


Leave a Reply