Saturday, March 21, 2009

ဟစ်ဟော့ ကဗျာ

Posted by ဏီမိုးz | Saturday, March 21, 2009 | Category: |

ဟစ်ဟော့ ကဗျာ
-_-_-_- -_-_-_-

မြန်မြန် မြန်မြန်
ခြေဆင်းမလိုဘူး
လျှာကိုလုံးပြီးလိုက်ဆို

သရက်ပင်အောက်မှာသရက်သီးရှားတယ် ( ရှားတယ် )
ဒီမျိုးစေ့ .ကို ငါကျဲခဲ့ တာမဟုတ်ဘူး (မဟုတ်ဘူး)
လရောင်ဆမ်းသော လမ်းဟောင်းများ။

မြန်မြန် မြန်မြန်
အဆက်အစပ်မဲ့ .နမိတ်ပုံ ကဗျာတဲ့ .လား
လွမ်းစေတီနဲ့ . တောမီးလောင်တာ
ဘာဆိုင်လဲ မေးရင်
လက်သီးဆုပ်ထဲကအမှန်တရား
သိတယ် ၊ မပြောပြဘူး ၊ ထိုးမှာ ။

မြန်မြန် မြန်မြန်
မင့် . ကိုကြည့် .ရတာ
အလှပြင်ပစ္စည်းတွေပဲ မြင်နေရတယ်
စိတ်က အထိုင်အထသိပ်နှေးသလိုပဲ

ကျောက်ဖိပြီးပြားနေတဲ့
ဝါရင့် .အရောင်းထိုင်းတွေလား
သွား အင်တာနက်ပေါ်မှာ
ဘကြီးအောင်တွေက ကင်မရာနဲ့ .စောင့် .နေတယ် ။

မြန်မြန် မြန်မြန်
ငါ့ .ကိုပင်လယ်ခဏငှားပါ
ချောင်းတွေ မြစ်တွေနဲ့ .တို့ . စားချင်လို့

''ပြည်ကျော် နဲ့ .ပန်းနုရောင်'' နေရီရီ
လေထန်ကုန်း ချိုပေါ့ ကျ
ယုဇနပင်ကြားက ဖဲကြိုးဝါ

ဘာအရိပ်မှ မထင်ရင်
ဘာဘ၀င်မှ မထိဘူးကွ ။

စကားအများကြီးပြောချင်လို့
တစ်ယောက်တည်း နေတာ မှတ် ။

အချွန်ကြိုက်ရင် လေချွန်မယ်
အချော့ . ကြိုက်ရင် ကလူဧ။်သို့ . မြူဧ။်သို့

မြန်မြန်ဟေ့ . မြန်မြန်
သိပ်ကြောက်နေရင်လည်း အလုပ်မဖြစ်ဘူး
လျှောက်ပြောနေရင်လည်းဆုံးတော့ .မှာမဟုတ်ဘူး

ကဗျာဆရာတစ်ယောက်ပြောသလို
အားလုံးကိုချစ်တယ်
အားလုံးကလည်းချစ်ပါ

ကဲ ကဲ
တီးလုံးကို ကျွိ့ .ကနဲ ရပ်လိုက်မယ်
ဝါကျအတိုအရှည်တွေပါလို့ .မင်းပြောနိုင်ပြီ
ညဲ





Currently have 0 comments:


Leave a Reply