Tuesday, March 24, 2009

လူရာမ၀င်တဲ့ .လက်ခုပ်သံ

Posted by ဏီမိုးz | Tuesday, March 24, 2009 | Category: |

လူရာမ၀င်တဲ့ .လက်ခုပ်သံ
~~~~~~~~~~~~~~~~

အပျော်ပေါ့
စိတ်မဆိုးဘူး
နွားကြီးလို့ . ပဲခေါ်ခေါ်

အခြေအနေက အသည်းအသန်ပဲလို့
ကျွန်တော် ထပ်ပြောရင်
ခဲနဲ့ .ပေါက် ...ကြိုးနဲ့ . တုတ်
ကားပေါ်သာ တင်လိုက်ကြတော့ ..။

ကိုယ့် .ကို ရုပ်ရှင်ရုံထဲ ပေါက်ပေါက်စားသလို စားပါ
ကိုယ်ဒူးထောက်ပါတယ်
ဒါအကုန်ပဲ
မတန်မဆလျှော့ .ဈေးပေးထားတာ

လက်ညှိုးညွှန်ရာ ရွှေထက်
ချစ်ရတဲ့ .သူ့ .မျက်နှာ
သတိရစိတ်က
မေဘဲလ်သစ်ရွက်တွေလို ကြွေတယ်

မသွားခင်ကကြိုရောက်နှင့် တဲ့ ခရီး
အဝေးပြေးကားလက်မှတ်အဟောင်း
ခေါင်းပန်းလှန်ခဲ့ .ရတဲ့ ..
လပြည့် .ည..ရည်းစားစကား

ဆယ်ခါဆယ်လေ နဝေတိမ်တောင် ကြယ်
စဉ်းစားရတာ ဦးဏှောက်ခြောက်ပါတယ်
အချစ်ဆိုတာ ကျွန်တော်ကစခဲ့ . တာပါဗျာ
ကျွန့် .တော့် .လက်ခုပ်သံ လူရာမ၀င်သေးဘူး။



Currently have 0 comments:


Leave a Reply