Wednesday, March 18, 2009

ဟတ်ချိုး

Posted by ဏီမိုးz | Wednesday, March 18, 2009 | Category: |

ဟတ်ချိုး


ဘယ်သူပြောတာလဲ
ကိုယ်ပြောတာ
လက်တို့ .ပြောတာ

ဘယ်ဘက်လက်နဲ့ .
ညာဘက်လက် စစ်ဖြစ်တဲ့ အခါ
အသွေးအသားတွေက
တိမ်လိုလေလို လွင့် .တယ် ။ ...။

ဖြစ်မှဖြစ်ရလေ
အဖိုးက ဘတ္ထ ရီ ဒေါင်းပြီး
ဘယ်နားရောက်သွားလဲ မသိဘူး ။

တီဗွီရှေ့ .မှာ အမှားအယွင်းတစ်ခုခုဖြစ်ခဲ့ .မှာသေချာတယ် ။

ဆည်းလည်းသံတွေ မကြားရတော့ တဲ့ အခါ
ဘယ်ကိုးကွယ်ရာကို ဆည်းကပ်မလဲ ?

ဘ၀ကို နောက်တစ်လှမ်းဆုတ်ပြီး ကြည့် တယ် ။

အကြည့် .မှာ ငြိ ပါလာတာ
သမ်းဝေမှု တစ်ခုလား ။

တိုင်မှန်ပြီး ပြန်ကန်ထွက်လာတဲ့ .အယူအဆတွေ

လရောင်မှာဝင်းကနဲ လက်သွားတဲ့ .နဂ္ဂတစ်တွေ

သန္ဓေတားဆေးနဲ့ .လူသေလူဖြစ် ပုစ္ဆာ

နောက်ဘ၀ကို ဖုန်းခေါ်ကြည့် .လိုက်တယ်
ဟဲလို ... ကုန်းလား ရေလား

စကားမစပ်
ခုပြောနေတာ ဘယ်နားရောက်သွားပြီလဲ ။ ...။


Currently have 0 comments:


Leave a Reply