Sunday, March 08, 2009

ရေထဲကို ဖားကလေး ခုန်ချ

Posted by ဏီမိုးz | Sunday, March 08, 2009 | Category: |

'' ရေထဲကို ဖားကလေး ခုန်ချ ''
~~~~~~~~~~~~~~~~~~

မင်းရှိမှ၊ မင်းမရှိလည်းဖြစ်တယ်
မင်းမကြိုက်တာတွေ ငါလုပ်ရတော့ မယ် ။

လာပါ တက်ကျမ်းတွေ ထိုးမကျွေးဘူး
ကန်စွန်းပလိန်းနဲ့ ဘီယာချိုချိုလား
နေကြာစေ့ လှော်နဲ့ ဂျု့စ် တစ်မျိုးမျိုးပေါ့
ကိုယ်ချစ် / သူချစ် တွေနဲ့
အပူအအေးကတော့ .စုံပါတယ် ။

လိုင်းကြောင်နေတဲ့ .နတ်ဝင်သည်လို
ကောင်းကင်ကိုဒူးနဲ့ .တိုက်ပြမယ် ။

မသွားခင်လေး ဒေါင့် .မှာကပ်နေတဲ့
မျက်ရည်တစ်စလောက် ယူသွားပါလား ။

စိတ်ညစ်နေရင် ပျော်စရာကြီးလို့
အကျယ်ကြီး ၃ခေါက် လိုက်ဆို
ပျော်စရာကြီး ပျော်စရာကြီး ပျော်စရာကြီး ...

အ၀ိုင်းတွေ အလုံးတွေ လေးဒေါင့် တွေနဲ့
မြင်ကွင်းကျယ် အာပလာတွေပါ ။

ကကြီး ကခွေးတွေနဲ့ သင်ပုန်းကြီးဖတ်စာ
မြွေတော့ လာမဖမ်းနဲ့ နော် ပြန်ကိုက်မှာ ။

မေတ္တာသုတ်နဲ့ ရေစင်ပက်ဖြန်းဖို့ လည်းမဟုတ်ဘူး
မွှေးချင်ရင်ရေမွှေး အေးချင်ရင်ရေအေး
တစ်ခုခု ထလုပ်လိုက်

အလိုချင်ဆုံးဆိုတာလည်း မေ့ ပစ်ရတော့ မယ်
မင်းရှိမှ၊ မင်းမရှိလည်းဖြစ်တယ် ။ ..... ။

Currently have 0 comments:


Leave a Reply