Sunday, March 08, 2009

ဓါတ်ခဲ

Posted by ဏီမိုးz | Sunday, March 08, 2009 | Category: |

ဓါတ်ခဲ
~~~~~~~~

အဖုံးဖွင့် ခါနီးမှသတိရတယ်
နောက်တစ်စက္ကန့် ဆို အားပြန်သွင်းလိုက်ပါ ။

မင့် ကဗျာတွေက ဖီးလ်မလာပါဘူးကွာ
ငါကတစ်ရှုးဆို တစ်မျိုးထဲသုံးတာ ။
ဂျာအေးကို သူ့ အမေရိုက်တဲ့ ကိစ္စ ။

တစ်ချိန်မှာချောင်းကြည့် ပေါက်တွေက
မင့် ကို ချောက်လှန့် လိမ့် မယ် ။

ပုံပြင်ဟောင်း ၊ စနေမိုး ၊ အခွံထူတဲ့ လိပ် ။
မီးကဟုန်းခနဲ မျက်နှာကိုလာဟပ်တယ်။

ထ ထ ဘိုစံ ထ
နှစ်အလီ ဆို
မရရင် ဆရာမကရိုက်မှာလား ။

ဖွက်ထားတဲ့ ရွှေဆွဲကြိုးတွေ ဘယ်မှာ
ကိုယ့် မွေးနေ့ ကိုယ်တောင်ပြန်ပြန်မေ့ နေမှတော့
နယ်ရုပ်တွေနဲ့ .ပွဲသိမ်းရတော့ မှာ ။

ယာယီထိုးထားတဲ့ တဲလေးတွေထဲမှာ
ကိုယ့် အတွေးနဲ့ ကိုယ်ပေါ့ ။
စင်ရော်ငှက်လေးတွေလည်း ပျော်ပါတယ်
ကြွေအောင် ကိုယ်ကမပြောပြတတ်တာ ။ .... ။

_-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-__-_

ကဗျာဆရာ ညီယွန်းပိုင် ရဲ့ '' ထထ သက်ခိုင် ထ ၊ နှစ်အလီဆို ''စာသားကို တခုတ်တရ ယူရေးပါတယ်။

Currently have 0 comments:


Leave a Reply