Saturday, March 14, 2009

အရင်း နဲ့ အဖျား

Posted by ဏီမိုးz | Saturday, March 14, 2009 | Category: |

အရင်း နဲ့ အဖျား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သဘောက မိအေးနှစ်ခါနာ

ခွေးတစ်ကောင် သူတော်စင်ကိုမော့ .ကြည့် . သလို
ပရမ်းပတာ ရှုမျော်ခင်းလှလှ ။

ပဲပြုတ်သည်မထားနဲ့
သမန်းကျားတွေရဲ့ .သဘောထား ။

ရေမြောင်းထဲက ပိုးလောက်လန်းတွေအကြောင်း
မြန်မာစာတမ်းထိုး အတွေးများ ။

တစ်စပြင်အေးအေးမှာ
အချက်ပြမီးတွေ မှိတ်တုတ် ။

ပြောင်းပြန်ပွင့် သောပန်းများ
ရေလိုစီးနေသော ၀ိရောဓိများ
အား ....စပျစ်သီးတွေလည်းခါးတယ် ။

ပြီးရင် ပြန်ပြောမယ်
ဘာပိုအရေးကြီးသလဲဆိုတာ ။ ... ။


__________________________________________________

Currently have 0 comments:


Leave a Reply