Thursday, March 19, 2009

မိုးငွေ့ .ရရင်မြည်တဲ့ .၀ဋ်နာ ကံနာ

Posted by ဏီမိုးz | Thursday, March 19, 2009 | Category: |

မိုးငွေ့ .ရရင်မြည်တဲ့ .၀ဋ်နာ ကံနာ
~~~~~~~~~~~~~~~~~~~~~~~~~

သိုးကလေ
ရွှေခ၀ဲပန်းနဲ့ ..ပန်းဝတ်စုံနဲ့
ခမ်းနားတဲ့ စိန်ခြူးကြာညောင်

ပိရမစ်တွေကို ဓါတ်မီးထိုးကြည့် .တယ်
သမုဒ္ဒရာထဲ ဒိုင်ဗင်ထိုးကြည့် .တယ်
ငါကြီးကြီးကျယ်ကျယ် သိမ်ငယ်လိုက်တာ

အားနေရင်အရှိုးရာတွေ ပွတ်သပ်ကြည့် .ပါလား
စားလက်စမုန့် .ကဘယ်နှစ်ခုမြောက်လဲ

ရွှံ့ .နဲ့ လုပ်ထားတဲ့ .ကမ္ဘာ
မျက်ရည်နဲ့ .ဖြစ်တဲ့ အဏ္ဏ၀ါ

အရှက်မရှိ ပြေးလွှားနေတဲ့ .မိုးသားတွေ
နေရောင်ခြည်က အ၀တ်မပါပဲ ရောက်ရောက်လာတယ်
တစ်စစီ ပြန်ချုပ်ဝတ်ရမဲ့ .ကောင်းကင်

ကတ္တရာလမ်းပေါ် နွားတွေ ခြေချော်နေတာ
ဆုတောင်းမှားခဲ့ လို့ လား

ဒါ သက်သက်မဲ့ .အကြမ်းဖက်တာပဲ

မကလည်းတီး ကလည်းတီး
မတီးလည်းက တီးလည်းက

သံယောဇဉ် အတိအကျမရှိတော့
သတိတွေ ရေလျှံနေတဲ့ လက်ခုပ်သံ

သဘာဝကို နေရာထိုင်ခင်းပေးဖို့ .ဆိုတာလည်း
ရွာလည်နေတုန်းပဲ ။ .... ။


1 comment:

  1. အရှက်မရှိ ပြေးလွှားနေတဲ့ .မိုးသားတွေ
    နေရောင်ခြည်က အ၀တ်မပါပဲ ရောက်ရောက်လာတယ်
    တစ်စစီ ပြန်ချုပ်ဝတ်ရမဲ့ .ကောင်းကင်

    ကောင်းလိုက်တဲ့ Image တွေဗျာ..အားကျတယ်ဗျာ...
    လေးစားစွာဖြင့်
    ရဲဝင့်သူ

    ReplyDelete