Sunday, March 08, 2009

ဟက်ပီး ဆန်းဒေး

Posted by ဏီမိုးz | Sunday, March 08, 2009 | Category: |

ဟက်ပီး ဆန်းဒေး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မှင်ပြာတွေလူးလို့
ဧရာဝတီလည်း
အပြာရောင်သန်းနေတော့ .မှာ ...

မိုင်တိုင်တွေ မရေတွက်တော့ ဘူး ။
အသွားမတော်တဲ့ ခြေလှမ်း
ကတိမတည်တဲ့ .ဖူးစာ

ဘယ်ညာပြန်ချီ ယိမ်းနွဲ့ .လို့
အချစ်မရှိတော့ ထမင်းအေးအေး
ဟင်းအေးအေးပဲ ။

တစ်လောကလုံး မကြားရင် ဘယ်ပြောမလဲ
လွမ်းစရာမရှိတာကိုက လွမ်းစရာ ။

ငါ့ မျက်ရည်အိုင်လေးနံဘေးမှာ
ပန်းကြွေတွေ လာလာမမျောပါနဲ့ တော့
ငါဆက်ပြီးမစီးဆင်းနိုင်တော့ ဘူး ... ။ ..... ။


3 comments:

  1. ငါ့ မျက်ရည်အိုင်လေးနံဘေးမှာ
    ပန်းကြွေတွေ လာလာမမျောပါနဲ့ တော့
    ငါဆက်ပြီးမစီးဆင်းနိုင်တော့ ဘူး ... ။ ..... ။

    ဟုတ်တယ်အကိုရေ..ဆက်စီးဆင်းဖို့ အားမရှိတော့ဘူးဗျာ...

    ReplyDelete
  2. အရမ်းကို မိုက်တယ်။

    ReplyDelete
  3. ဪ... လွမ်းစရာမရှိတာကိုက... လွမ်းစရာပဲနော်... ဟုတ်ပ..
    ကြိုက်တယ်.. ဒီကဗျာလေ.. နူးညံတယ်ဗျာ... နူးနူးနပ်နပ်နဲ့ ညံခဲ့တာပေါ့..

    ReplyDelete