Saturday, August 08, 2009

နာဂစ် အလွန်

Posted by ဏီမိုးz | Saturday, August 08, 2009 | Category: |

ဒါ သက်ကယ်ရိတ်သွားတာမဟုတ်ဘူး
ခြေသလုံးအိမ်တိုင်နံဘေး
မျက်ရည်မြစ်လေး ဖြတ်စီးသွား။

အရှိန်အဟုန်တစ်ခုမှာ
လွင့် ထွက်သွားတဲ့ သက်ရှိအိပ်မက်တွေ
ရေထဲမှာ
သူတို့ ပြောလက်စ စကားတွေ
ငါတို့ ဆက်ပြောရ။

ရပ်ကွက်ထဲလည်း
ဒီသီချင်းပဲ
နှေးသွားလိုက် မြန်သွားလိုက်
လက်ပြရင်လက်
သေနတ်ပြရင် သေနတ်
ကြည့်ရတာ
အစ အဆုံး မှားနေတာ။

အလင်းမှာ နေ့
အမှောင်မှာ ညပျောက်နေတာ
မှန်တာပြောတာကိုက မှားနေတာ။

အခုလည်း
မိုးလေ၀သ ဂြိုလ်တုက ပေးပို့ တဲ့ ပုံအရ
ဘင်္ဂလားပင်လယ်အော်ထဲမှာ
မုတ်သုံလေ အားကောင်းနေတုန်းပဲ။ ...။

Currently have 0 comments:


Leave a Reply