Sunday, July 11, 2010

ဆက်လက် မစီးဆင်းနိုင်တော့တဲ့အခါ
ရင်ခုန်သံကို
ခေါင်းစဉ်မပြောင်းပဲ
အကြောင်းအရာ ပြောင်းလိုက်ကြတယ်။
သံလိုမာတဲ့ မျက်လုံး
မိုးကြိုးသွားလို စကားတွေ မပါပဲ
တိတ်တဆိတ်
ကျောခိုင်း ခြေလှမ်း ဝေးရာ။
ယင်ကောင်တွေနဲ့
မလုံတဲ့ အဖုံးတွေ
အိုးချင်းထိတဲ့ ဓလေ့
လွတ်လပ်သူတို့ရဲ့ အ၀ါ။
ပြန်လာပါ
တံခါးဖွင့်ထားခဲ့တယ်
အပြစ်တွေ ဆေးကြောပြီးမှ
အလွမ်းတွေကို အနားပေးတော့မယ်။
သဘာဝမဟုတ်တာတွေအများကြီးထဲမှာ
တို့နှစ်ဦးသား
သူစိမ်းတွေလို ရင်းနှီးခဲ့ကြတယ်။
Subscribe to:
Post Comments (Atom)


Currently have 0 comments: