Friday, February 27, 2009

လူရွှင်တော် နှစ်ကိုယ်ခွဲ

Posted by ဏီမိုးz | Friday, February 27, 2009 | Category: |

လူရွှင်တော် နှစ်ကိုယ်ခွဲ

ဖေဖေါ်ဝါရီအလယ်မှတ်မှာမှ အသတ်ခံရတယ်

တော်ပြီကွာ မရေးတော့ဘူး
ဆက်ဖတ်ချင်လို့လား
မင်းကြောင့် ငါဒါတွေပြောနေရတာ
ဒါကိုမှားတယ်လို့ ပြောရင်မင်းကိုငါသတ်မယ်
ဝါကျအတိုအရှည်တွေပဲ
အထားအသိုမှားရင်ပေါက်ပန်းလေးဆယ်
စနစ်တကျရေးသားဖို့ ဆိုတာကလည်း
အကြောင်းအရာတစ်စုံတစ်ရာခိုင်ခိုင်လုံလုံရှိမှလား
မုန့် လုံးစက္ကူကပ်သလို
အသံထွက်ပြီးဖတ်ဖတ်
ပြောင်းပြန်ဖတ်ဖတ်....ဒေါင်လိုက်ဖတ်ဖတ်
ကိုယ့်လွတ်လပ်ခွင့် နဲ့ ကိုယ် စိတ်ပါသလိုဖတ်
ဇရပ်ပေါ်ကသောက်ရေအိုးတစ်ခုပဲ
အပိုတွေဆိုလည်းထား ..... နားတော့
လူတွေကခမ်းခမ်းနားနားဖန်ဆင်းချင်ကြတယ်
ကိုယ့် အရိပ်ကိုယ်တစ္ဆေလိုလည်းလန့် ပြန်ရော
အရိပ်ကအရိပ်ကိုမြိုတဲ့ ကိစ္စ
ဝင်ရိုးစွန်းအပြောင်းအလဲမှာအားလုံးတစ်ကပြန်စမယ်
လေချွန်လိုက် လက်ဖြောက်တီးလိုက်
လေတိုးသံကိုလိုက်ပြီး ဂစ်တာကိုစတင်တီးခတ်လိုက်တယ်
မြစ်တွေ စီးဆင်းမြဲ အတိုင်းတိုင်း
နေ၀င်ချိန်အလျားအတိုင်း
ဆွေးမြေ့ ရာဇ၀င်တစ်နံတစ်လျားမှာ
ငါ့ ပင်လယ်ရေသေလိုကျင့် ခဲ့ တယ်
လှိုင်းမဟုတ်တဲ့ လှိုင်းတွေပဲ
သက်တန့် လေး ကိုင်း အကွေး
ဟိုး...မိုးကုတ်စက်ဝိုင်းတစ်ဆုံး
မမြင်ရသေးတဲ့ ကမ်းခြေမှာမှ
ကိုယ်သင်းနံ့ လေးနဲ့ရေစက်ဆုံချင်တယ်
ချစ်ခြင်းမေတ္တာဆိုတာ
တစ်ယောက်တည်းပင်လယ်ရေမြင့် တက်နေရုံနဲ့ မပြီးဘူး
တံခါးတွေသော့ ခတ်မထားဖို့
ကိုယ့် ကိုယ်ကိုယ် သတိပေးဖို့ လည်း လိုမယ်
ရင်ဘတ်ပေါ်ကျတဲ့ လရောင်တွေက မြင့် မိုရ်တောင်ဝင်္ကပါလိုအိပ်မက်တွေ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့
ကြည်နူးမှုတွေ နှမြောတယ်
မက်မက်မောမောချစ်ရပါတယ်ဆိုလည်းတဒင်္ဂပဲ
မီးခြစ်ဆံတွေကုန်သွားသလိုပဲ
မိုးကြိုးကပစ်ပြီးပြီ ခုမှထန်:လက်ရှာသလိုမျိုးပေါ့
လွင့် မျောနေတဲ့ တိမ်တွေမှာလည်းအကြောင်းတစ်ခုရှိမယ်
ငါမသိလိုက်ဘူး တိမ်တွေဘယ်လိုအရောင်ပြောင်းသွားတာ
သိပ်ကိုသေးငယ်တဲ့ အစက်အပျောက်တစ်ခုလို
ရေပူဖေါင်းတစ်ခုလို ငါငြိမ်နေတယ်
အထွတ်အထိပ်မှာ ဆုပ်လည်းဆူး စားလည်းရူး
ပျော်စရာတွေ တွေးမရတာစိတ်နာတယ်
ပိုပြီးမြင့်မားလေ ပိုပြီးနက်ရှိုင်းလေပဲ
အခုရေတံခွန်လို ...ဆွတ်ဆွတ်ဖြူနှင်းတွေကျနေတယ်
ငါကဘာဆက်လုပ်ရမှာလဲ
လမ်းတွေရဲ့ အဆုံးမှာရွာမရှိရင် ကော
ငါက ဘာဆက်လုပ်ရမှာလဲ
အိပ်ရာထဲ ရေ၀င်တယ်
ဆက်လောင်နေတုန်းပဲ
ကြောင်ကြာကြာရေမငုတ်ပါဘူး
နွားကျောင်းသားလေချွန်တော့ နွဲ့ တယ်ထင်မယ်
ဟင်းလင်းပြင်အံဝှက်လို ကမ္ဘာဦးသီချင်းလို
မီးလျှံငှက်လို အဆုံးမရှိတဲ့ ယန္တရား
ကျောက်ဆစ်နန်းတော်လှေကါးရင်းမှာ
တစ်ဆတ်ဆတ်မြည်နေတဲ့ ခေါင်းလောင်းသံ
စိတ်ကူးထဲမှာငုဝါပန်းတွေပွင့် တယ်
သံစဉ်တွေ ကြိုးသွားညှိလိုက်အုံး
ဓါးအိမ်ထဲက ဂီတတွေကလူခြေတိတ်မှ ရိပ်မိတာမျိုး
ဘယ်လိုလဲ ဖုန်းလိုင်းတွေဖြတ်တော့ မှာလား ကြိုပြော
အမေ့ ကိုကန်တော့ ချင်လို့ ရယ်
အရပ်ထဲမှာဈေးထဲမှာငါလည်းခဏပဲ ရှိမှာမဟုတ်လား
ဘ၀မှာမီးနီတွေသိပ်များတယ် အမေ ကျနော်မြစ်ကျိုးအင်းမဖြစ်ချင်ဘူ
လမ်းတွေရဲ့ အဆုံးမှာ နောက်ထပ်လမ်းတွေရှိတယ်
ပိုပြီးခုန်နေတဲ့ အ၀ါရောင်တွေလည်းရှိမယ်
စကားမစပ် အပင်ပေါ်မှာ ပန်းတွေပိုလှသလိုပဲ
အငွေ့ အသက်သိပ်မရှင်းဘူး
လေကြောင်းပြောင်းတဲ့ လေ
မြေဆူရင်လူအတဲ့ ဂေဟအနုပညာ
လက်ချိုးရေရင် လူရွှင်တော်တွေ ဘယ်လောက်များခဲ့လိုလဲ
တစ်ချို့ ကြောင်တွေကလည်း
အမှောင်ထဲမှာပဲ နေချင်တယ်
ဗိုလ်အောင်ဒင်သေနတ်ပစ်ခန်းတွေ
သိပ်ကြိုက်တယ်မဟုတ်လား မမြ၀င်း
ရှုပါ လေကောင်းလေသန့် တွေများများရှုကြပါ
မေတ္တာတရားတွေပွားများကြပါ ( ဒိုးလုံး)
အဲဒါပေမဲ့ အားလုံးကိုချစ်တိုင်းအားလုံးကပြန်မချစ်ဘူးနော်
ဆိုကြတော့ ရှင်းတယ်နော်
ဟုတ်ပြီ ၀တ်မှုံတွေအကြောင်းပြောမယ်
ရန်ကုန်ဘူတာပဲ ပြန်ဆိုက်မှာပါပဲ
အပေါစားပြက်လုံးတွေနဲ့
ယတြာချေလိုက်ပါအုံးပါလားနောက်ဆယ်နှစ်
ထုံးသုတ်ကြမယ်လေသစ်ပင်တွေစိုက်ကြမယ် ပျော်စရာကြီး
မျက်ရည်ထွက်အောင်ရီနေမိတယ်
ရီ နေ မိ တော့ တယ်
၂၀၁၀ မှာကြေငြာမယ် ရည်စားမရှိတဲ့ အကြောင်း
ကောင်းကောင်းမွန်မွန်နေသွားတော့ မဲ့ အကြောင်းကတိတွေ
မထိုက်တန်တော့ ရင်ပြန်မလာနဲ့ ထွက်သွား
ဇတ်သိမ်းမယ်
ညားချင်ညား ကွဲချင်လည်းကွဲ ...ကြိုက်တဲ့ အရောင်ခြယ်!!!!!!
ညာသန်တစ်ယောက်အတွက်
ဘယ်ဖက်မှာ အလင်းရှိဖို့ ပဲ လိုမယ်။ . ။

________________________________ဏီမိုးZ ___________


ချစ်ခြင်းမေတ္တာဆိုတာ
တစ်ယောက်တည်းပင်လယ်ရေမြင့် တက်နေရုံနဲ့ မပြီးဘူး
တံခါးတွေသော့ ခတ်မထားဖို့
ကိုယ့် ကိုယ်ကိုယ် သတိပေးဖို့ လည်း လိုမယ်။
xxxxx
ဒီအဖွဲ့ က ကိုမျိုး( မျိုးနေနွယ် ) ရဲ့ အဖွဲ့ပါ။
xxxxx

Currently have 0 comments:


Leave a Reply