Saturday, February 28, 2009

++++++++++++++++++၀မ်းတွင်းရူး အော်ပရာ +++

Posted by ဏီမိုးz | Saturday, February 28, 2009 | Category: |


+++၀မ်းတွင်းရူး အော်ပရာ +++

မမြင်ရလေ ပိုလှလေပဲ

အဝေးကမြက်ခင်းက ပိုစိမ်းတယ်

သိလို့ ဖြစ်တဲ့ အပြစ် တွေလည်း ရှိမယ်

ခေါင်းမိုးပေါ် ချိတ်နေတဲ့ လကိုဆွဲချလိုက်တယ်

သတိရစိတ်က ဘိန်းသမားဘိန်းပြတ်သလိုပဲ

တံခါးကို ဆောင့် ကန်ဖွင့် လိုက်တယ်။

အချစ်က မီးလား ရေလား

ကိုယ်က မီးကို ခိုးယူမိတယ်။

လေထဲလွတ်ကျသွားတဲ့ သစ်ရွက်လို

သီချင်းတစ်ပုဒ်က ဘ၀တစ်ခုကိုသယ်ဆောင်တယ်

ကိုယ်ရှာတွေ့ ခဲ့ တဲ့ ပင်လယ်

ပြန်ကွေ့ လို့ မရတော့ တဲ့ လေယာဉ်ပျံပဲ။

စွန်းထင်းလွယ်တဲ့ အမှောင်မှာ

မျက်လုံးရဲ့ အရောင်ကို လူမမြင်အောင်ဖုံးကွယ်

အာရုံမှာ စွဲနင့် ရာ သီချင်းကို
တိုး တိုး ဆိုတိုင်း

ဆောက်တည်ရာမဲ့ စိတ်အစွဲများ ။ ။

---------------
ဏီမိုးZ
-----------

1 comment:

  1. ကိုယ်ရှာတွေ့ ခဲ့ တဲ့ ပင်လယ်

    ပြန်ကွေ့ လို့ မရတော့ တဲ့ လေယာဉ်ပျံပဲ။

    တကယ်ဟုတ်တယ်အကိုရေ...ခိုက်သဗျာ

    ReplyDelete