Thursday, May 14, 2009
အချစ်က
ချမ်းတတ်တဲ့ ဆောင်း
အေးတတ်တဲ့ နွေ
ဆံနွယ်လေးတွေ ပင့် သပ်တင်လိုက်တာကအစ
တောင်ကြီးမြို့လေးလို လှတယ်။
နှုတ်ခမ်းက ဘာမှမဆိုးပဲ နီနေတာ
မျက်နှာက ဘာမှမလိမ်းပဲဝင်းနေတာ
ကော့ ပျံနေအောင် ကြွေရုပ်ကလေးလိုလှတာ။
လူရှိတုန်း
တိမ်တွေပေါ် ကိုယ်ဖော့ ပြီးတက်ရတာ
ဆံပင်ရှည်ရှည် အရပ်မြင့် မြင့် အနား
ခြေဖျားထောက်ပြီး လမ်းလျှောက်ရတာ
ငှက်တွေတောင် သလောက် အလုပ်မရှုပ်ဘူး
ရုပ်တုတစ်ခုလို
ကိုယ့်ကိုလာလာ ကြည့်တယ်။
လေထုကိုထိန်းချုပ်တဲ့ စနစ်တွေလို
ကိုယ့်ကိုထိန်းချုပ်တဲ့ အချစ်တွေ
အ၀ါဆိုလည်း ပိုခုန်နေတဲ့ အ၀ါပေါ့
အပြာဆိုလည်း ပိုခုန်နေတဲ့ အပြာပေါ့
ပိုပြီး အစွန်းရောက်သွား။
မှတ်မိသလောက် အဲဒီနေ့က
လှေမပါဘူး ရွက်မပါဘူး
တက်မပါဘူး ပိုက်ကွန်မပါဘူး
အချစ်ဟာ ပင်လယ်ဝသို့
ငါးဖမ်းထွက်ခဲ့ တယ်။
နောက်ကျပြီးမှ ရောက်လာတတ်သလား
ခြေသံမကြားရခင်တော့ အချစ်ဆိုတာ .........။
Subscribe to:
Post Comments (Atom)
Currently have 0 comments: