Monday, April 06, 2009

ဇ ကွဲ ရေ ဇ

Posted by ဏီမိုးz | Monday, April 06, 2009 | Category: |

=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

ဆုံမယ်လေ
နေရောင်ခြည်ကို ဆေးအသစ်သုတ်ပြီးမှ

ကိုယ်က ရှေ့တိုးသွားတာ မဟုတ်ဘူး
သူက နောက်ဆုတ်ဆုတ်သွားတာ
သွေးကျဲတယ်

ဘယ်လိုညှိညှိ မီးမစွဲဘူး
ရေစိုနေတဲ့ ငရဲတွေ

ဦးခေါင်းထဲမှာ ဧကစာဖွဲ့ လို့
ငိုယိုနေတဲ့ အဆိပ်တွေ
ပိတ်မိနေတဲ့ ယင်ကောင်
ဒဏ္ဏာရီထဲက နဂါးလိုလိုကောင်တွေ

ဒီလိုထမင်းများများ ဟင်းနည်းနည်း
ဒီလို မျက်ရည်ဝဲတတ်တဲ့ အကျင့် ကမကောင်းဘူး။

_________________________________

Currently have 0 comments:


Leave a Reply