Tuesday, April 21, 2009

ကြယ်ပြာ

Posted by ဏီမိုးz | Tuesday, April 21, 2009 | Category: |

သံလိုက်အိမ်မြှောင်လည်းမယုံ
မြေပုံလည်းမယုံ
ခရီးကို စတင်ခဲ့
ကိုယ့် ပျက်ကွက်မှုမှာ
ကိုယ်ဒေါင်ချာ စိုင်းခဲ့

မင်းက ဂမ္ဘီရဆန်ဆန်
မြင်ရင်တစ်မျိုး မမြင်ရင်တစ်မျိုး လှသူပေါ့
ကြည်လင်တဲ့ မြစ်ဆိုတာ
နတ်ပြည်မှာရှိတာ
ဟောဒီ့ ၀ိုင်းထဲမှာရှိတာ

သွားစရာမရှိတော့
ခြေထောက်ကို ရိုက်ချိုးတယ်
တစ်ချို့ ပိုပြီးရဲရင့် လာ
ပြောပြီးသားတွေလည်းပြန်ပြန်မေ့လို့
တစ်ချို့ ပိုပြီးဆွံ့ အသွား
ဟိုမှာ အဆင်ပြေရဲ့လား
အပေါင်းအသင်းတို့ ။

အချာ အချာ
ခွက်လှည့် သိပ်ကြာတာပဲ
တစ်ယောက်ပြီးတစ်ယောက် မူးသွားတဲ့ ၀ိုင်းမှာ
တစ်ယောက်ပြီးတစ်ယောက် လျော့သွား
ရေကို အရက်နဲ့ မှားပြီလား
ကျွန်တော် မူးပေမဲ့
ကျွန်တော် မမူးသေးဘူး ဦးပိုင်။

အမှောင်ထဲမှာ
ဘောင်ထဲမှာ
မည်းမည်း ရိပ်ရိပ် မပီဝိုးဝါး
မီးသတ်ယောင်လား ကြံ့ ဖွတ်လား
အဘကို ဖုန်းဆက်တိုင်တော့လည်း
ချောင်းရိုက်ဖို့ သူပဲပြောတာ ။

လက်တစ်လုံးခြားကနေ
လက်တစ်လုံးကြား
လက်မတင်လေး
မန္တလေးဟာ သေဆုံးသွား
ဥပဒေဆိုတာ ငိုစားရီစား။

အပေါစားလို့တောင် မခေါ်ရက်ဘူး
အမည်မဲ့ အမှည့် ခြွေ
စခန်းမှုး အသစ် ချုပ်ထားတဲ့
တို့ ရွာသူ အဆင်ဆန်းလေးတွေ

ဆင်ကြီးကနေ ပုရွတ်ဆိတ်ထိ
အမြီးကျက်အမြီးစား
ခေါင်းကျက် ခေါင်စား

မျောက်မျက်နှာကိုလည်း မကြည့် ရဲဘူး
ကိုယ့်ဆုတောင်းတွေထဲမှာလည်း
ကိုယ်မပါတော့ဘူး
အိမ်ပြန်ပို့ကြပါ။

_______________________________________

Currently have 0 comments:


Leave a Reply