Monday, November 02, 2009

မဟုတ်မဟတ် ကြေးမုံ

Posted by ဏီမိုးz | Monday, November 02, 2009 | Category: , |

ဘာလာလာ ယုံ
ဒါဟာ အနီပါ
တစ်ကယ်တော့ အပြာ။

ငရန်မကန်းတောင် တစ်လုံးပဲကန်းတာ
နေကာမျက်မှန်ကြီးတပ်ပြီး
လပြည့် ညလုပ်နေတာ ...။

ဘယ်လို ကြက်သီးမွေးညှင်းနဲ့
အမှန်တရားကို အဆိပ်ခတ်ခဲ့ ကြတာလဲ။

ဒီမျက်နှာလည်း မနေ့ ကအကျန်
ဒီလို အေးတဲ့ ဆောင်းမှာ
အနွေးထည် ကောင်းကောင်းလိုတယ်မှတ်လား။

သံသရာဆိုတာကြီးလည်း
အဆင်ပြေနေရင် မေ့ သွားအုံးမယ်။

အထက်ကပြောတဲ့ အတိုင်း
အောက်စာတမ်းထိုး
လက်ညှိုးလေး လိုက်ထောင်
လိုက်ယောင် ။

ကျလိ ကျလိ
ကလိ ကလိနဲ့ ပဲ
ဘာလာလာပြောတိုင်း ယုံ။

Currently have 0 comments:


Leave a Reply