Tuesday, November 03, 2009

ခွချက်

Posted by ဏီမိုးz | Tuesday, November 03, 2009 | Category: , |


တွေ့ရတာ ၀မ်းသာပါတယ်။
ကျန်းမာရေးဂရုစိုက်ပါ။
မင်္ဂလာပါ။

မင်းပျော်အောင် ဒီမိန့်ခွန်းကို
လက်မှတ်ထိုးပေးရတော့မှာပေါ့။
ငါဝါသနာပါတယ်။

ကမ်းခြေအကြောင်းပြောရင်
ဘာလို့ သဲတွေပါရတာလဲ။
ရေလှိုင်းအကြောင်းပြောရင်
ရေစက်ပါမဲ့ဟာ
ငါလက်စသပ်ချင်လို့ ခဏလေး။

ရေကြီးရင် စည်တီးမယ်။
ကမ္ဘာကြီးအကြောင်းပြောရင်
အခြေခံကျဖို့ လိုတယ်။
အအေးပိုင်းမှာ ပိုသွေးအေးသလားလို့
အမှုဖြစ်ကြပြီ ဆိုပါတော့ ။
လက်နှစ်ဖက်နဲ့ပဲ
ဆက်လက်ထိန်းသိမ်းထားတုန်းပဲ။

ငါးကျပ်တန်ကို ငါးထောင်တန်မလုပ်ဘူး။
ဝိုင်းအပြင်ဘက်မှာ မသေချာတဲ့အကြမ်းထည်
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀။
ဖြတ်ညှပ်ကပ် ဗီဇနဲ့ပဲ
ဘုရားစူး မိုးကြိုးပစ် နီးပါး
ဒုတိယ အတွေးမရှိဘူး။

လူရော စိတ်ရောနာတယ်။
စိုးမိုးမှုမှာ ရေစက်မပါဘူး။
ဆန့် ကျင်ဖက် နှစ်ခုကြား
ဗျာများ ခက်ဆစ် ကြောင်။

လူ နဲ့ မူ ၀ရူး ၀ရော ။
ခေါင်းစဉ် လှလှ
အကြောင်းအရာ အအ ။
ဓနသဟာရတွေက ကိုက်တော့
လမ်းဘေးမှာ ဆန်းဒေးလုပ်နေတာ။

နာမည်ကြီးတွေက ဗဟို ထူထောင်
အရောင်ခွဲ စနစ်တွေ
ပုဒ်ထီး ပုဒ်မအချမှာ
ပထ၀ီ အမျိုးမျိုး သက်သေ ။

အောက်မေ့ ဘွယ်ရာ
မြို့စားကြီး ဦးထုပ်
အတိုက်အခံ ခြေချ သရဲဘောကြောင်
မင်းဖြစ် မင်းခံပေါ့ ကွာ
ဒီဝင်ရိုးကို တီထွင်ပြီး လှိမ့်မယ်။

ဒီသစ်ပင်ဟာ အသေခံ
ရရင်ရ မရရင်ချ
ပညာတတ် ရုပ်ချော
ရွှေရည်စိမ် နိုင်ငံရေးသမား
လူနဲ့ သူတို့ အကြား
ထပ်ပြီးဆွေးနွေးရမဲ့ ခဏတာ
အများအတွက် လည်ပင်းရင်းရလိမ့် မယ်။

နယ်လှည့်ဆန္ဒမဲ ကောက်
သုံးကြိမ် သုံးခါ အော်
ပြီး ပြီးရော
ခဏ ခဏမေးတယ်
ခဏ ခဏ ဖြေတယ်
အချိန်ပိုနေရင်
ကျွမ်းကျင်အလမ္မယ်ဆရာအတွက်
မြွေဟာမဆန်းဘူး။

ရောဂါကြည့် ပြီး ဆေးဖော်မယ်။
ဆေးဖက်ဝင်သလားမေးရင်
ကပ်ခွာ
စစ်ကူမလိုဘူး။
ပျင်းလို့ အငြိမ့် ထောင်တယ်ဆိုရင်တောင်
အရာအားလုံးဟာ ကိုယ့် ဒေါသနဲ့ ကိုယ်
သစ္စာတစ်ခုတည်ရင် ပြေဖို့ ကခက်တယ်။

Currently have 0 comments:


Leave a Reply