Tuesday, November 10, 2009

ဗရဲ့ ပေံန် ကျိုင်းပေါတ်

Posted by ဏီမိုးz | Tuesday, November 10, 2009 | Category: |

ဓါးဦးကို ၀င်တိုးဖို့ ဆိုတာ
လိပ်ဖြစ်ရင်တောင် အခွံထူလို့
ခုန်ခုန်ပြီး ပြော
အော်အော်ပြီး ဆိုရတဲ့ သီချင်းတွေမှာ
သူများဆိုတာ လိုက်မှေးဆိုခဲ့တဲ့ ကောင်။

အက်ကွဲနေတဲ့ မုခ်ဦး
ဆွေးမြေ့ ရာဇ၀င်တနံတလျားမှာ
ငါ့ ပင်လယ် ရေသေလို ကျင့် ခဲ့ တယ်။

အဖွားကခဲ့ တဲ့ အကနဲ့
အဖိုးထမ်းခဲ့ တဲ့ ထမ်းပိုး
တို့ မွန်ရိုးရာ။

ဒို့ လူမျိုး
ဒို့ စိုက်ပျိုးခဲ့ သမျှ
ဒို့ အရိပ်က တစ်မိုင်လောက်ရှည်ပြီး
ဒို့ အရပ်က တစ်လက္မ ဖြစ်နေတာ။
အမျိုး၊ဘာသာ၊သာသနာ အစစ်နဲ့ မို့
မွန်ဖြစ်ရတာ ဂုဏ်ယူတယ်။

ဒို့ ယဉ်ကျေးမှုက
ကြယ်တစ်ပွင့် ကျောက်တစ်ပွင့် လား
စိတ်ချင်းဆက် မိုးသိုးရွာ။

ယုန်ဝင်စားတွေ
လူက လူကို မြိုတယ်။
ဟသာင်္ကိုးသောင်းပျက်တယ်။
ရာဇ၀င်ကို ထုံးသုတ်ခဲ့ ကြပေမဲ့
အနောက်က ဘယ်တော့ မှနေမထွက်ဘူး။

တို့ တည်ဆောက်မဲ့
ဟံသာဝတီအသစ်ဟာ
ပျုမဖြစ်ရဘူး၊
သက်မဖြစ်ရဘူး
ကျွန်မဖြစ်စေရဘူး။

အခြေခံအကျဆုံး လူ့ အရင်းအမြစ်တွေ
ဇာတိမာန် ဆိုတဲ့ မြေခံရေခံမှာ
လူတိုင်းတော်ကြရင် ပျော်စရာအရမ်းကောင်းမယ်။
မဖြစ်နိုင်ဘူးလို့ ပြောရင်
ဖြစ်အောင်လုပ်မဲ့ သူရဲကောင်းတွေလိုတယ်
ပညာတတ်တွေလိုတယ်။

စိုနေတဲ့ လက်တွေ
လိုနေတဲ့ လက်တွေ
အတူတူ ထကြလော့ တိုက်ကြလော့ ။

ဒီအလံတော်အောက်မှာ
အမျိုးသားသီချင်းကို တူတူဆို
အမျိုးသားရေးအတွက် ရှေ့တက်ပြီး
မျိုးဆက်ကို သွေးနဲ့ ဆက်ကြမယ်။

Currently have 0 comments:


Leave a Reply