Monday, November 23, 2009

မင်းမရှိတော့ တဲ့ နေ့ ၊ မင်းမရှိတော့ တဲ့ ည

Posted by ဏီမိုးz | Monday, November 23, 2009 | Category: |


ရေတွေ ဖုံးလွှမ်းသွားပြီးနောက်
....................
မိုးတိမ်တွေ ကြယ်တာရာတွေ မရှိတော့ တဲ့ ကောင်းကင်
လှိုင်းတွေ ၊ ကမ်းရိုးတန်းတွေ မရှိတော့ တဲ့ ပင်လယ်
သတ်ပုံအမှားတွေ ခေါင်းစဉ်တွေမရှိတော့တဲ့ အကြောင်းအရာ
လမ်းအမှားတွေ မှန်တာတွေ မရှိတော့တဲ့ မြေပုံ

ဓါတ်ငွေ့ တွေ အဆိပ်ငွေ့ တွေ မရှိတော့ တဲ့ လေဟာနယ်
သစ်ပင်တွေ ပန်းမန်တွေ မပွင့် ဝေတော့တဲ့ စုံတောမြိုင်
တနင်္ဂနွေ တနင်္လာ မရှိတော့ တဲ့ ရက်သတ္တပတ်
ဓါးရိုးကော အသွားကောမရှိတော့ တဲ့ ဓါး

လုံခြုံမှု၊ စိုးရွံ့ မှု အဓိပ္ပါယ်တွေ ပျောက်ဆုံးနေတဲ့ အိမ်
စာကော စကားကော မရှိတော့ တဲ့ ဘာသာဗေဒ။

အဲသလို
တားမြစ်ထားတဲ့အရာတွေကို စားမိလို့အပြစ်ဖြစ်တဲ့ အခါ
ကိုယ်လာခဲ့ သမျှ ကိုယ်ပြန်သွားရတဲ့ အခါ
......................

Currently have 0 comments:


Leave a Reply