Tuesday, November 24, 2009
ကမ္ဘာ့ ကမ္ဘာမှာ
ဆရာ့ ဆရာတွေ ကျမ်းကျိန်ခဲ့ ကြသလို
နည်းနည်းနဲ့ ကျဲကျဲ ၀ိုင်းခဲ့ တာမဟုတ်ဘူး။
ပါးပါးလေး ပုတ်ခဲ့ တဲ့ ပခုံးနဲ့
အဲဒီတစ်ရက်တစ်လေ တွေ့ ခွင့် ရခဲ့ တာက
ငါ့ မျက်ရည်ဝိုင်းစေတဲ့ အလင်းကွေး ဧကစာ။
နားလည်မှုမှာ အဖုပါရင်
ဘယ်နည်းနဲ့ မဆို သူဟာ သပွတ်အူတွေ ၀ယ်ရတော့ မယ်။
သူရှိနေတယ်ဆိုတဲ့ အသိကပဲ လောကကြီးနဲ့ အချိတ်အဆက်
အတိအကျပြောရင် ၀တ်မှုံကူးတဲ့ ရာသီ။
ပန်းတွေ ဖဲကြိုးတွေ လိပ်ပြာတွေ
စမ်းချောင်းတွေ ကြယ်တွေ မိုးတိမ်တွေ
မြောက်တက်သွားတဲ့ အတိုင်း အရှိန်နဲ့ ပြန်ကျတယ်။
ငါသိတယ် မင်းငါ့ကို ပြောင်းလဲလို့ မရရင် မင်းကိုယ်မင်း ပြောင်းလဲလိုက်မှာ
အသိနောက်ကျခဲ့ ရင် ပန်းတိုင်နောက်ကျလိမ့် အုံးမယ် ။
စတွေ့ ကတည်းက စွန့် လွှတ်ခဲ့ တဲ့ မေတ္တာ
ကျည်ဆံမပါတဲ့ သေနတ်ဆိုတော့
အိပ်မက်ထဲမှာနေပြီး အိပ်မက်ထဲမှာ သေမဲ့ ငါ့ အတွက်
ငရဲဟာ ထိုက်တန်တဲ့ လက်ဆောင်။
ဘ၀ကို စနစ်တကျ တည်ဆောက်
မုသားတွေ ပြေပြစ်ချောမွတ်နေတဲ့ လမ်းမှာ
ဘယ်လိုယာဉ်မှ တိမ်းမှောက်ဖို့ မလွယ်ဘူး။
ငါ့ မှာသာ အသံပြန်စမ်းရမယ်
ကျွတ်လွတ်ဖို့ ။
Currently have 0 comments: