Friday, November 20, 2009

~~~

Posted by ဏီမိုးz | Friday, November 20, 2009 | Category: , |


ထုနဲ့ ၊ ဒြပ်နဲ့ ၊ ထည်နဲ့
လက်တလောစွဲလန်းမှု။

မျက်လှည့် ၊ လက်လှည့် မှာ
ထိတ်တိုက်တွေ့ပြီ
ချင့်ယုံ ။

မနေ့ က ငါရှိခဲ့ လို့
ဒီနေ့ ငါဆက်ရှိနေတာ၊
အတူတူ ရှိနေတာ
အတူတူ ရှိနေလို့ ။

နေရောင်ခြည်ဟာ
နေ့ ညတွေပေါ် ဖြတ်သန်း
နေရောင်တစ်ခြမ်း၊ လရောင်တစ်ခြမ်း
နောက်ဆုံးခန်း အကြိမ်ကြိမ်။

ကိုယ့်ရို့ကားယား
လက်ကိုင်ကို ပေါ့ ပေါ့ လေးထား
ထိတွေ့မရတဲ့ အရာတွေကို
ထိတွေ့ မရတဲ့ နည်းနဲ့ ချဉ်းကပ်တယ်။

ပြည့် လည်းပြည့်
ခိုးလည်းခိုး စုဗူးတွေ။
သစ်ပင်တွေမှာသာ အသက်ရှိခဲ့ ရင်
နောင်ဘဝ
ရှေ့ က ခင်တန်းလေး ဖြစ်ချင်တယ်။

Currently have 0 comments:


Leave a Reply