Monday, April 13, 2009
ဒီမနက်ပွင့်တဲ့ပိတောက်တွေက
ငါ့ကိုပလိန်းကြီး မပြေးသွားတယ်
သင်္ကြန်မရှိတော့
ငါလည်းသင်္ကြန်ဖြစ်ချင်တယ်
ဒိုး...သင်္ကြန်......ဒိုး။
ဟ
တရုတ်ကြီးပါလား
ငံပြာရည်မှောက်လို့
သူ့အမေကြီးက မကွေးကဂိုးသမား
မဏ္ဏပ်ပေါ်မှာ
သူ့အကွေးနဲ့ အကက ကွကွ။
ရေလည်းလောင်းရင်း ဟိုဒင်း
အဟေးဟေး သင်္ကြန်သံချပ်တွေ
ရီရတာပေါ့ကွ ..ဗြဲ
မလောင်းပဲရွှဲတဲ့ ...ရေ
အားလုံးကိုမေတ္တာဝေပါတယ်
ခွေနေတဲ့ မောင်နီလေးလည်းပျော်ပါစေ။
အေ ဖိုးထူး မင်းမှတ်မိလား
သံဖြူဇရပ်သင်္ကြန် ၀င်းဦးသီချင်းလာဆိုတုန်းက
တို့ နှစ်ယောက်ပလပ်စတစ်ပုံးတွေ ကျောပိုးပြီး
ရေပြွတ်ကိုယ်စီနဲ့ လျှောက်ထိုးလျှောက်ပက်ခဲ့ကြတာ
ရို့
ရေဆိပ်မှာ...ရေရေလောင်း
ကျောင်းကျောင်းက...စော်စော်တွေ
ရေစိုပြီး ...ကော်ကော် ဖြစ်လို့
ကွက်ကွက်ကို ကွင်းရော်ဟေ
က က က က က က က က
...
.........
.............
မျက်စိမှိတ်လိုက်တာနဲ့
ရေတွေကျလာအုံးမှာ
ဆိုတော့
စိုပြီးသားအင်ကျီတွေပဲ
ပြန်ဝတ်သွားတော့မယ်။
Subscribe to:
Post Comments (Atom)
ပြုံးမိတယ် ကဗျာဖတ်ပြီးတော့ :)
ReplyDeleteကောင်းသောနေ့ပါဗျာ :)
=) တော်တော်ရေးတတ်...
ReplyDeleteစိုပီးသားအကျီတွေပဲ ပြန်ပြန်ဝတ်မနေနဲ့.. အအေးပတ်နေမယ်..=)