Tuesday, October 27, 2009

~~~

Posted by ဏီမိုးz | Tuesday, October 27, 2009 | Category: , |


ဆိုတော့
သွားတော့ မိုးရယ် ပေါ့
မခေါ်ဘူး လုံးကြီးရေး ဝ
ဒီဇောင်းနဲ့ ဒီ ဇ
တစ်ဘ၀ပဲကြာမှာ
ခဏနေ သူလည်းပျောက်သွားမှာပါပဲ။

လွယ်လည်းလွယ် ခက်လည်းခက်
ဒီအပိုဆောင်းထားတဲ့ တစ်မတ်ကိုပဲ
ပွတ်သပ်လို့
ဗလာ ဗလာ လျှောက်ရေးတာ ..။

ဟုတ်သော်ရှိ ..မဟုတ်သော်ရှိ
တွေ့ရှိချက်အသစ်တစ်ခုလို
အင်းဆက်တစ်ကောင်ရဲ့ ခြေရာတွေ။

ရေတံခွန်လို အချစ်များ၊
အသည်းကွဲ လူရွှင်တော်။

ဘ၀င်ကျွံနေတဲ့ ရဟတ်ကို
အထွတ်မတက်ဖို့
ထွေထွေထူးထူး ဖျောင်းဖျတယ်။

ပက်ကျိတစ်ကောင်ရဲ့ ရင်ဘတ်ကို
ဆားဖြူးလိုက်ရင်
ကြွပ်ကျဲသွားမယ်။
ကျုပ် နီတိ ပျောက်ဆုံးခဲ့ တော့
နိဒန်းဟာ နိဂုံးပဲ ။

ကျုပ်ဘာလုပ်လဲ
သောက် သောက် သေ သေ ဗျာ
လျှောက်လည်တယ်ဗျာ
စိတ်ကို နည်းအမျိုးမျိုးနဲ့ ဖျော်တယ်
ခု သွေးပြန်ပူသွားပြီ ။

ကမ္ဘာကြီးပေါ်မှာ ဘာဖြစ်တာ
ပရုတ်ဆီလေး လိမ်း ရှု
ဒီ ပိရမစ်ထဲ
အလဲထိုးခံရတဲ့ အခါ နာကျင်မယ်
နကျယ်တစ်ကောင်လို စူး စူး ရှ ရှ အော်မယ်။

ခေတ်က တောင်းဆိုတဲ့ အခါ
ကိုင်းဆက် ယဉ်ကျေးမှုနဲ့
အိပ်မက်တွေ ဒရင့် ချိတ်ဖို့
ခင်ဗျားတို့လို လိုင်းတိုသမား
လမ်းဆုံး လူမိုက် တွေလိုတယ်။

မင်းအနား ရှိ ရှိ မရှိရှိ
တစ်နှစ်သော ဆောင်းရာသီမှာ
ပန်းတွေလည်း ပွင့် ချင်ပွင့် လိမ့် အုံးမယ်
နှင်းတွေလည်း ကျချင်ကျလိမ့် အုံးမယ်။
မပြောတတ်ဘူးရယ်။

1 comment:

  1. မင်းအနား ရှိ ရှိ မရှိရှိ
    တစ်နှစ်သော ဆောင်းရာသီမှာ
    ပန်းတွေလည်း ပွင့် ချင်ပွင့် လိမ့် အုံးမယ်
    နှင်းတွေလည်း ကျချင်ကျလိမ့် အုံးမယ်။
    မပြောတတ်ဘူးရယ်။

    (ထိတယ်ဗျိုး) မရေရာတာ အသေအချာပါပဲဗျာ။

    လေးစားစွာဖြင့်
    ရဲဝင့်သူ

    ReplyDelete