Thursday, March 12, 2009

တစ်ကိုယ်တော် သင်္ကြန်

Posted by ဏီမိုးz | Thursday, March 12, 2009 | Category: |

တစ်ကိုယ်တော် သင်္ကြန်
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

အချစ်က မုန့် လုံးရေပေါ်ပဲ
မျက်နှာကို အိုးမဲ လိုက်သုတ်တယ်
ဒီဘ၀တော့ လွဲခဲ့ ပါတယ်

ဖုန်းနံပါတ် တစ်ခါပြောင်းတိုင်း
အင်လျား နဲ့ ကျုံးက
မီးသတ်ပိုက်တွေနဲ့ .
သူ့ ကိုယ်သူ ရေပက်တယ်

နွေဦးမှာ
ချစ်ရသူကိုရေလောင်းဖို့ ဆိုတာ
တစ်သက်မှာတစ်ခါ ပွင့် တဲ့ ပိတောက်လို
ရေစိုနေတဲ့ .လိပ်စာ ။။

အရူးမီးဝိုင်း ဟာသပဲ
သင်္ကြန်စာထဲမှာ
ခြေလှုပ်လက်လှုပ် 'ဘန်း'ထားတယ်

ကောင်းပါတယ် ရိပ်သာသင်္ကြန်ပေါ့ ..။
ဝန်ကြီးများမဏ္က္ကပ်ရှေ့ က သင်္ကြန်၊
ခွက်စောင်းခုတ်တဲ့ .သင်္ကြန်၊
ဆံပင်ကိုပင့် သပ်တင်လိုက်တဲ့
နတ်သမီးတို့ ရဲ့ .သင်္ကြန်၊
ဝင်္ကန္တေ၀၀ုစ်စုံတဲ့ သိင်္ဂါရ သင်္ကြန်။

တူးပို့ ..... တူးပို့ .....
မြို့ မငြိမ်းကြီးက ......
သီချင်းအသစ်တွေပို့ ပေးပါအုံးတဲ့

အပေါ်ကြယ်သီးကို ဖြုတ်ထားလိုက်တယ်
နောက်တစ်ခါဆို အရင်ကားတင်ပြေးမယ်။

ဘယ်သူတွေ နေလှမ်းလှမ်း
အိမ့် ရှေ့ မှာသင်္ကြန်အိုးထိုးပြီး
သိကြားမင်းကြီး ကြိုမယ် ။


မူမမှန်တဲ့ သွေးကြောတွေထဲ
ကန္တာရတွေကို သိမ်းထုပ်လို့
သံပုံးတီးပြီး ပြည်တော် ၀င်သီချင်းဆိုမယ် ။

အချစ်က မုန့် လုံးရေပေါ်ပဲ
မျက်နှာကို အိုးမဲ လိုက်သုတ်တယ် ။ ... ။



3 comments:

  1. သင်္ကြန်ကဗျာလေးကို ခံစားသွားပါတယ်
    အရေးအသားကတော့ လေးစားပါတယ်
    ဆက်လက်ရေးသားနိုင်ပါစေ

    ReplyDelete
  2. ကဗျာကောင်းတစ်ပုဒ်ကို စိတ်အသိနဲ့ ရင်ဘတ်အထိ ဖတ်သွားတယ် ..။
    ကဗျာရေးသူချင်းမို့ အားပေးနေမယ် ..။.

    ReplyDelete