Monday, March 16, 2009

ငါ့ မာနကိုဖွဖွဆုပ်ကိုင်လှောင်ရယ်နိုင်တယ် ငါ့ ကိုမဖြတ်သန်းကြနဲ့

Posted by ဏီမိုးz | Monday, March 16, 2009 | Category: |



ငါ့ မာနကိုဖွဖွဆုပ်ကိုင်လှောင်ရယ်နိုင်တယ် ငါ့ ကိုမဖြတ်သန်းကြနဲ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒါဆိုရင် ဒါပဲလေ
ပြီးခဲ့ တာ ကန့် လန့် ကာချလိုက်တော့ မယ် ။

စိတ်ချ ကိုယ်ဖြစ် ကိုယ်ခံပေါ့
မီးက မထိရပဲ ပူတယ် ။

ရေအိုးထဲမှာလည်း ရေတွေက ခန်းခြောက်
နီးရာဓါးကို ကြောက်ရတယ် ။

အနားမှာ စက္ကူပန်း မွှေးမွှေး
အရိုးသားဆုံးပြောရရင်
နိုင်ငံရေးအခြေအနေကလည်း သိပ်မကောင်းတော့
ကြည့် မှန်တွေလည်း ညာတယ်။

ရင်ဘတ်တွေ မနီးပဲနဲ့
လုပ်ပြောတဲ့ လျှာတွေပါကွာ ။

မင်းလည်း မိုးခါးရည်ပဲလို့ . ပြောရင်
ရှေးဟောင်းပစ္စည်းတစ်ခုလို ပြုံးတယ်။
သွေးတိုးတယ် ၊ ဓါတ်လိုက်တယ် ။

အရုပ်ထက် ဆေးပိုလေးတဲ့ .ကြောင် ၊
ညနေတိုင်ထွက်လည်တတ်တဲ့ အလွမ်း ၊
အကြောင်းမျိုးစုံပြပြီး ရောက်ရောက်လာတဲ့ .တယော ၊

လွယ်သလား ခက်သလား ပြော
အရှေ့ မှာ မိုးတွေညို့ .လာတိုင်း
ညောင်ဦးကမ်းပါး ပြိုပြန်တယ် ။




__________________________________________________________________

မှတ်ချက်......ခေါင်းစဉ်မှာ ဆရာပိုင်စိုးဝေရဲ့ .ဖြစ်တည်မှုကို ယူသုံးထားတယ်။






1 comment:

  1. အနားမှာ စက္ကူပန်း မွှေးမွှေး
    အရိုးသားဆုံးပြောရရင်
    နိုင်ငံရေးအခြေအနေကလည်း သိပ်မကောင်းတော့
    ကြည့် မှန်တွေလည်း ညာတယ်။

    ကောင်းလိုက်တဲ့စာသားဗျာ... အားကျတယ်ဗျိုး...ဆွဲဆရာရေ...

    လေးစားစွာဖြင့်
    ရဲဝင့်သူ

    ReplyDelete